၁၅.၆.၂၀၂၆
Written By Thandar
မြန်မာ့နာမည်အကြီးဆုံး တေးထုတ်လုပ်ရေးလုပ်ငန်းကြီးဖြစ်တဲ့ “ယင်းမာ” တေးသံသွင်းရဲ့ နှစ် ၅၀ ရွှေရတုပွဲအခမ်းအနားကြီးနဲ့ အမှတ်တရဖျော်ဖြေပွဲကို ဇွန်လ ၁၄ ရက် နေ့လည် ၂ နာရီခွဲက ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်ရဲ့ ယင်းမာတေးသံသွင်း နှစ် ၅၀ပြည့် ရွှေရတုပါပဲ။ ပြန်တွေးကြည့်ရင် ကြည်နူးစရာအခိုက်အတန့်လေးပါ။ ဒီနှစ်ကတော့ နှစ် ၅၀ပြည့်ကို လုပ်ဖို့ရည်ရွယ်ချက်ကတော့ ရှိပါတယ်။ ပထမတော့ ဒီပွဲကိုမလုပ်ဖြစ်တော့ဘူးထင်ခဲ့တာ။ ဒါပေမယ့် အချိန်အခါလည်း ပေးတာမို့ လုပ်ဖြစ်သွားတာပါ။ သီချင်းတစ်ခုထွက်တော့မယ်ဆိုရင် ကြိုပြီးပြင်ဆင်ကြတယ် လာနားထောင်ကြတယ်။ စီးရီးထွက်ချိန်မှာ လက်မှတ်တွေရေးထိုးကြတယ်။ နှစ်အလိုက် စိုင်းထီးဆိုင် သီချင်းခွေ၊ ကျော်ဟိန်းသီချင်းခွေတွေ အဓိပ္ပာယ်ရှိတဲ့ သီချင်းတွေထွက်ခဲ့တာပေါ့ ကက်ဆက်တိပ်ခွေနဲ့ထွက်ခဲ့တာပါ”လို့ ယင်းမာတေးသံသွင်းပဲ့ကိုင်ရှင် ဦးချစ်ခင်က MT Entertainment ကပြောပါတယ်။
အဆိုပါပွဲကို ဂန္တဝင်အဆိုတော်ကြီးတွေဖြစ်တဲ့ ယင်းမာ ပဲ့ကိုင်ရှင် ဦးချစ်ခင်၊ ဥက္ကာဦးသာ၊ ဘိုဘိုဟန်၊ ခင်မောင်ထူး၊ အက်စ်ကဲနက်၊ ထွန်းထွန်းဝင်း၊ မေဆွီ၊ နွဲ့ယဉ်ဝင်း၊ သီရိဂျေမောင်မောင်၊ ဆိုင်းစံ စတဲ့အနုပညာရှင်တွေ တက်ရောက်သီဆိုဖျော်ဖြေခဲ့ကြပါတယ်။
#ဦးချစ်ခင် #ဥက္ကာဦးသာ #ဘိုဘ်ုဟန် #မေဆွိ #UChitKhin #KhinMaungHtoo #MaySweet #ယင်းမာတေးသံသွင်း #နှစ်၅၀ရွှေရတုပွဲအခမ်းအနားကြီး #အမှတ်တရဖျော်ဖြေပွဲ






