နေမိုး
၁၃. ၆. ၂၀၂၆
ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာသည့် PDF နှစ်ဦးက စားသောက်ဆိုင်သို့ ခြေလျင်လာရောက်သူ အမျိုးသားကြီးတစ်ဦးကို ပစ်သတ်ထွက်ပြေးမှု သရက်ချောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဇွန် ၁၀ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်နေ ဦးဝင်းဇော်(၆၀)နှစ်သည် ၎င်း၏ နေအိမ်မှ ရပ်ကွက်ဈေးလမ်းထိပ်ရှိ ကောင်းဆက်စားသောက်ဆိုင်သို့ ခြေလျင်ထွက်ခွာလာစဉ် အဆိုပါ စားသောက်ဆိုင်အတွင်းအရောက် လက်နက်ကိုင်အကြမ်းဖက်သမား နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
နောက်ဆုံးထုတ်ပြန်ချက်များအရ နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တိုက ဒလန်၊ သူလျှိ၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
