၁၂.၆.၂၀၂၆
Written By Thandar
Bo Bo Flim Production က အက်ရှင်ဒရာမာဇာတ်လမ်းပုံစံ “ကံကြွေး”ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးပွဲ အခမ်းအနားကို ယနေ့ ဇွန် ၁၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကစံဘုရား အောင်မြေမှာကျင်းပခဲ့ပါတယ်။
“ကံကြွေး ရုပ်ရှင်ဇာတ်ကားကြီးက အက်ရှင်ဒရာမာဇာတ်လမ်းလေးလို့ပဲ ကြိုပြောချင်ပါတယ်။ မင်းသမီး နှစ်လက်အတွဲတော့ ကျွန်တော့်ရဲ့ ပထမဦးဆုံးကားပါ။ တစ်ယောက်ချင်းစီကတော့ အရင်က ဆုံဖူးပါတယ်။ အကုန်လုံးက အနုပညာအလုပ်လုပ်ရတာ အရမ်းအဆင်ပြေကြပါတယ်။ ဒီကားမှာ ပရိသတ်တွေ မြင်တွေ့နေကြ မဟုတ်တဲ့ ဇာတ်လေးပါ။ ကံကြွေးဆိုတဲ့အတိုင်း အကြွေးတွေဆပ်ရမယ့် သဘောလေးပါ”လို့ အကယ်ဒမီ မြင့်မြတ်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း သန့်ထင်၊ ဇာတ်ညွှန်း မင်းကိုစိုး(နတ်သံကွင်း)၊ အနုပညာအကြံပေး နေသူရိန်၊ D.O.P မင်းမင်းကျော်၊ ဒါရိုက်တာ စိုးမိုးမင်းက လာမယ့် ဇွန်လ ၁၈ရက်မှာ စတင်ပြီး ရန်ကုန်မြို့မှာ အက်ရှင်ဒရာမာဇာတ်လမ်းပုံစံ ရိုက်ကူးပုံဖော်သွားမှာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေအဖြစ် ထပ်ဆင့်အကယ်ဒမီ မြင့်မြတ်၊ တေဇလင်းရောင်၊ မေမီကိုကို၊ ယမုံမြင့်မြတ်၊ ဥဩသံသာ၊ ဇော်ဝင်းနိုင် (မန်း)၊ ထူးမွန်၊ ဇွဲ၊ မျိုးကြည်၊ ခင်အုန်းမြင့်၊ ဝါဝါမေမောင်၊ ယွန်းနဒီအောင်နဲ့ အတူ တခြားသော အနုပညာရှင်ပေါင်းများစွာပါဝင်ကြမှာဖြစ်ပါတယ်။
#မြင့်မြတ် #မေမီကိုကို #တေဇလင်းရောင် #ဥဩသံသာ #ဇော်ဝင်းနိုင်မန်း #ဇွဲ #မျိုးကြည် #MyintMyat #MayMiKoKo #TayzaLinYaung #OakAweThanThar #ZawWinNaing #ကံကြွေးရုပ်ရှင်ဇာတ်ကားကြီး #ကန်တော့ပေးပွဲအခမ်းအနား #BOBOFILMPRODUCTION









