၁၀.၆.၂၀၂၆
Written By Thandar
ပိုမိုခမ်းနားထည်ဝါတဲ့ အနာဂတ်အတွက် ပူးပေါင်းလက်တွဲမှု အထိမ်းအမှတ်အနေနဲ့ ShowLike နဲ့ Channel 7 တို့က MOU သဘောတူလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဇွန်လ ၉ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ရှိ Novotel Hotel မှာ ကျင်းပခဲ့ရာ အနုပညာရှင်များစွာတက်ရောက်ခဲ့ကြပါတယ်။
“ကျွန်တော်တို့အနေနဲ့ Channel 7 နဲ့ ShowLike အခုလို ပူးပေါင်းဆောင်ရွက်မှုဟာ ပရိသတ်တွေအတွက် အရည်အသွေးမြင့်မားပြီး ပိုခေတ်မှီဆန်းသစ်တဲ့ ဖျော်ဖြေမှုအစီအစဉ်သစ်တွေကို ယူဆောင်လာနိုင်ဖို့လည်းဖြစ်ပါတယ်။ ဒီနေ့ကတော့ နှစ်ဦးနှစ်ဖက်အတွက် မင်္ဂလာရှိတဲ့ အကောင်းဆုံး MOU ရေးထိုးတဲ့ပွဲလေးပါ။ လာမယ့် အနုပညာကဏ္ဍတွေ TV Program, Reality Show ကို အကောင်းဆုံးတင်ဆက်သွားမှာပါ”လို့ဒါရိုက်တာ မင်းသန့်မောင်မောင်က ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာအနုပညာရှင်တွေဖြစ်တဲ့ သူထူးစံ၊ ဘုဏ်းသိုက်၊ မင်းသူ၊ ထက်အောင်ရှိုင်း၊ ဒါရိုက်တာမင်းသန့်မောင်မောင်၊ ဒေါင်းဝေ၊ မေသန်းနု၊ ချောရတနာ၊ မေမီကိုကို၊ ခြူးလေး၊ ယမင်းမေဦး၊ မြယာ၊ ချယ်ချယ်၊ ဩဩ၊ ဝင်းမင်းသန့်စတဲ့သူတွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။
အဲဒီနောက် ဖျော်ဖြေရေးကဏ္ဍတွေကို အရှိန်အဟုန်မြင့်ဆောင်ရွက်နေတဲ့ ShowLike နဲ့ မြန်မာပြည်ရဲ့ ထိပ်တန်းရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Channel 7 တို့ရဲ့ ပိုမိုခမ်းနားထည်ဝါတဲ့ အနာဂတ်အတွက် ပူးပေါင်းလက်တွဲမှု အထိမ်းအမှတ်အနေနဲ့ MOU သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး ဆက်လက်တင်ဆက်ပြသမယ့် အစီအစဉ်တွေ ပြသခဲ့ကြပါတယ်။
#MOUလက်မှတ်ရေးထိုးပွဲ #မင်းသန့်မောင်မောင် #မေသန်းနု #ချောရတနာ #MOU #MinThantMaungMaung #ChawYadanar #MayMiKoKo #ShowLike #Channel7 #MOUSIGNINGCEREMONY










