၉.၆.၂၀၂၆
Written By Thandar
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို TV 360 by Mytel တစ်ခုတည်းက တစ်ဦးတည်းမူပိုင်ခွင့်နဲ့ တိုက်ရိုက်ထုတ်လွှင့်သွားမယ့် The Exclusive Broadcast Launch မိတ်ဆက်ပွဲအခမ်းအနားကို ဇွန်လ ၈ ရက်နေ့က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ Melia Hotel မှာကျင်းပခဲ့ပါတယ်။
“ကျွန်တော်ကလည်း ဘောလုံးဝါသနာရှင်တစ်ယောက်အနေနဲ့ တစ်ကမ္ဘာလုံးကလည်း စိတ်ဝင်စားတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကလည်း စိတ်ဝင်စားကြတဲ့ ကမ္ဘာဖလားဘောလုံးပွဲကြီးကို 360 By Myanmar က ပြသမယ့်အထဲ ဒီအခမ်းအနားကို စိတ်ပါဝင်စားစွာတက်ဖြစ်တာပါ။ ကိုယ့်ချစ်ခင်အားပေးတဲ့ အသင်းရဲ့ ဘောလုံးပွဲတွေကို သူ့အသင်းအလိုက်အားပေးကြသူတွေလည်း ရှိမယ်။ ပရိသတ်တွေကလည်း သူ့အသင်း ပရိသတ်နဲ့ ကိုယ့်အသင်းပရိသတ်တွေ ဘယ်လိုတွေပြောကြမလဲဆိုတာကို ပျော်စရာကောင်းတဲ့ အားကစားရပ်ဝန်းလေး တစ်ခုကို ဖန်တီးထားတာပါ။ ဒါကြောင့် ကိုယ်တိုင်လည်း ရင်ခုန်စိတ်လှုပ်ရှားပါတယ်။ ဒီပြိုင်ပွဲကို တိုက်ရိုက်ကြည့်ရှုရမှာမို့ ကျွန်တော့်ပရိသတ်တွေ စိတ်လှုပ်ရှားရင်ခုန်ရတာပေါ့ ” လို့ သရုပ်ဆောင်စည်သူမောင်က ပြောပါတယ်။
အဆိုပါပွဲကို TV, Laptop, ဖုန်းတွေ စတာတွေ အကုန်လုံးကနေ ပွဲကြိုသုံးသပ်ချက်တွေ၊ ပွဲစဉ်တွေနဲ့ ပွဲလယ်သုံးသပ်ချက်တွေ ပွဲပြီးသုံးသပ်ချက်တွေ၊ Talk Show တွေ Live စောင့်ကြည့်နိုင်မယ်လို့ သိရပါတယ်။ ဒီ FIFA World Cup 2026 ပွဲစဉ်တွေကိုတော့ TV 360 Application ကနေ တင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ် ၁၀၄ ပွဲလုံးကို မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော မူပိုင် သီးသန့် တိုက်ရိုက်ထုတ်လွှင့်ခွင့်ရထားတဲ့TV360 (Exclusive Official Broadcaster) မှာ အချိန်နေရာမရွေးကြည့်ရှုခံစားနိုင်ဖို့ TV360 by Mytel Application ကို ဒေါင်းလုဒ်ဆွဲကြည့်ရှုရမှာဖြစ်ပြီး နေ့စဥ်၊ အပတ်စဥ်နဲ့ ပွဲစဥ်အားလုံးကို သတ်မှတ်အခကြေးငွေ ပေးသွင်းကြည့်ရှုရမယ်လို့ TV 360 Myanmar က ကြေညာထားမှုအရ သိရပါတယ်။
#၂၀၂၆ကမ္ဘာ့ဖလား #ကမ္ဘာ့ဖလား #ကမ္ဘာ့ဖလားကိုTV360မှာကြည့်မယ် #TV360ကမ္ဘာ့ဖလား #TV360 #2026worldcup #FIFAWorldCup2026 #watchontv360 #tv360app #စည်သူမောင် #SiThuMaung #MyanmarActor #TalkShow #TV360byMyel #TheExclusiveBroadcastLaunch #FIFAWorldCup2026






