၅.၆.၂၀၂၆
Written By Thandar
ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုများစွာရရှိထားတဲ့ တေးရေး တေးဆို အဆိုတော်ရဲလေး (ခ) ရဲထွန်းမင်းက ချစ်သူကောင်မလေးနဲ့ Pre-Wedding ပုံလေးတွေ ပရိသတ်ကို ချပြလာပါတယ်။
“ Y & Y ”လို့ အဆိုတော် ရဲလေးက ပရိသတ်ကို အသိပေးလာပါတယ်။
သူဟာ အဆိုတော်အကယ်ဒမီ ထွန်းထွန်း မင်္ဂလာပွဲပြီးနောက်မှာ ချစ်သူကောင်မလေးနဲ့အတူ “Moring ပါသဲထူ”ဆိုပြီး ပရိသတ်ကို အသိပေးခဲ့တာလည်းဖြစ်ပါတယ်။ ယနေ့ ဇွန်လ ၅ရက်မှာတော့ ချစ်စရာချစ်သူစုံတွဲလေးရဲ့ Pre-Wedding ပုံလေးကို ဆက်လက်ချပြလာတာပါ။
အဆိုပါ Post အောက်မှာတော့ Congratulations ပါလို့ အနုပညာအသိုင်းအဝိုင်းကရော ပရိသတ်တွေကပါ ဂုဏ်ပြုစကားတွေဆိုနေကြတာလည်းဖြစ်ပါတယ်။
မနက်ဖြန် ဇွန်လ ၆ ရက်နေ့မှာတော့ ရဲလေးနဲ့ ချစ်သူ ရည်မွန်တို့အတူ Wedding Reception ပွဲကို ရန်ကုန်မြို့ Melia’ Yangon Hotel ရှိ Inya Ballroom မှာ ညနေ ၆ နာရီမှာ ကျင်းပသွားမှာလည်းဖြစ်ပါတယ်။
#ရဲလေး #YeLay #YeLay #YeeMon #ရည်မွန် #YeTunMin #YandY #PerWedding #MyanmarSinger #MyanmarCeleWedding









