MT News
၃. ၆. ၂၀၂၆
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၏ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၃ ရက်တွင် မွမ်ဘိုင်းမြို့မှ နေပြည်တော်သို့ အထူးလေယာဥ်ဖြင့်ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတသည် နေပြည်တော်သို့ ပြန်လည်ထွက်ခွာရန် Chhatrapati Shivaji Maharaj International Airport သို့ ရောက်ရှိလာရာ လေဆိပ်၌ လုပ်ငန်းဆောင်ရွက်နေမှုများကို လေဆိပ်တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
ထိုနောက် နေပြည်တော်သို့ အထူးလေယာဥ်ဖြင့် ပြန်လည်ထွက်ခွာရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကော်လ်ကတ္တားမြို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းများ၊ မဟာရာ့ရှ်ထရာပြည်နယ်မှ အဆင့်မြင့်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။









