၃.၆.၂၀၂၆
Written By Thandar
Forever Group က စီစဉ်တင်ဆက်မယ့် ရွှေနှစ်ရွှေပါဝင်တဲ့ ရိုမန့်ဒရာမာဇာတ်လမ်းပုံစံ “တစ်သက်တာ တစ်ဘဝ” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲအခမ်းအနားကို ယနေ့ ဇွန်လ ၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မဟာဝိဇယစေတီတော်မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့ ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်တာမို့ တစ်နှစ်ကို ဇာတ်လမ်းတွဲတစ်ကား၊ ရုပ်ရှင်တစ်ကားလောက်ပဲ ရိုက်မယ် ဆုံးဖြတ်ထားတော့ သိပ်ပြောစရာမရှိပါဘူး။ ဒီကားမှာ ပါဝင်ကြသူတွေ အကုန်လုံးက အိုက်တင်တွေ လုပ်ရမယ်။ ဒီဇာတ်ကားက Romantic အချစ်ဇာတ်လမ်းလေးပါ။ ဒီဇာတ်ကားက ကျွန်တော်တို့ ဧရာဝတီမြစ်ကမ်းဘေးက လွမ်းစေတီဘုရားလေးက အခြေပြုပြီး ရိုက်ကူးပုံဖော်မှာပါ။ ချစ်စရာကောင်းပြီး လွမ်းစရာကောင်းတဲ့ ဇာတ်လေးတစ်ခုပါ။ တစ်သက်တာ တစ်ဘဝဆိုတဲ့အတိုင်း တစ်သက်တစ်ခါမှ တစ်ယောက်ပဲချစ်တတ်တဲ့သူတွေအကြောင်းပါ”လို့ ဒါရိုက်တာ ဝင်းထွန်းထွန်း(အနုပညာပြချက်)က MT Entertainment ကို ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို စီစဉ်သူ ညီညီနိုင်၊ ဇာတ်လမ်း ဇာတ်ညွှန်း ရွှေပြည့်က ရေးသားပြီး ဒါရိုက်တာ ဝင်းထွန်းထွန်း (အနုပညာပြချက်)က မကြာခင် ဧရာဝတီတိုင်းဘက်မှာ ရိုက်ကူးပုံဖော်သွားမယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီရွှေထူး၊ အကယ်ဒမီရွှေမှုံရတီ၊ အောင်မင်းခန့်၊ ဝိုင်းရွှေရည်၊ နေဝန်း၊ အကယ်ဒမီ အောင်ခိုင်၊ ဇော်ဝင်းမောင်၊ ဦးဝင်းမြိုင်၊ အကယ်ဒမီ ဝါဝါအောင်၊ တင်ဇာဝင်းပြည့်၊ သာသာနဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင်ထားကြပါတယ်။
#အကယ်ဒမီရွှေထူး #အကယ်ဒမီရွှေမှုံရတီ #အောင်မင်းခန့် #ဝိုင်းရွှေရည် #နေဝန်း #ShweHtoo #ShweHmoneYati #AungMinKhant #WyneShweYee #NayWun #MRTV4 #ဒါရိုက်တာဝင်းထွန်းထွန်း #WinTunTun #တစ်သက်တာတစ်ဘဝ









