
MT News
၃. ၆. ၂၀၂၆
အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုလွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ယာဉ်မောင်းလိုင်စင်ဖြေဆိုခြင်းအား ရန်ကုန်မြို့ ထောက်ကြန့်တွင်ရုံးခွဲတိုးချဲ့ဖွင့်လှစ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးကြေညာသည်။
ပို့ဆောင်ရေးဝန်ကြီးဌာနရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ယာဉ်မောင်းလိုင်စင်ရယူလိုသူများအတွက် ယာဉ်မောင်းလိုင်စင် စစ်ဆေးထုတ်ပေးခြင်းအား တိုင်းဒေသကြီးရုံးခွဲ (ရွာသာကြီး) တွင် Online Booking စနစ်ဖြင့် အလှည့်ကျဖြေဆိုစေခြင်းအား ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုအခါ ဖြေဆိုသူဦးရေများပြားလာခြင်းကြောင့် လက်ရှိဆောင်ရွက်နေသည့် (ရွာသာကြီး) ရုံးအပြင် ရန်ကုန်မြို့ ထောက်ကြန့်တွင် ယာဉ်မောင်းလိုင်စင်စစ်ဆေးရေးရုံးခွဲအား ဇွန်လ ၈ ရက်မှ စတင်ဖွင့်လှစ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်သောကြောင့် ယာဉ်မောင်းလိုင်စင်ဖြေဆိုလိုသူ များအနေဖြင့် မိမိတို့ဖြေဆိုလိုသည့်နီးစပ်ရာရုံးအား Online Booking ဖြင့် ရက်ချိန်းရယူ၍ အချိန်ကုန် သက်သာစွာဖြင့် လွယ်ကူစွာသွားရောက်ဖြေဆိုနိုင်ကြောင်းနှင့် Online Booking ရယူခြင်းအတွက် www.rtad.gov.mm တွင် ဝင်ရောက်ဆောင်ရွက်နိုင်ကြောင်း အသိပေးကြေညာထားသည်။
