





၃၁.၅.၂၀၂၆
Written by Linn Eain
World Robot Contest 2026 ပြိုင်ပွဲ၏ Myanmar Championship ကို ရန်ကုန်မြို့၊ Rose Resident ဟိုတယ်တွင် မေ ၃၁ ရက်၊ နံနက် ၈ နာရီက စတင်ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲဝင်ကလေးငယ် ဦးရေ ၂၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
World Robot Contest 2026 ကို မေ ၂၉ ရက်မှ ၃၁ အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရှေ့ရက်များတွင် ပြိုင်ပွဲအခမ်းအနားဖွင့်လှစ်ခြင်းနှင့် ပြိုင်ပွဲဝင်ကလေးများကို Camp သွင်း လေ့ကျင့်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ယနေ့မှသာ ပြိုင်ပွဲကျင်းပပြီး ညနေပိုင်းတွင် ဆုများချီးမြှင့်ကြမည်ဖြစ်ကြောင်း သိရသည်။
WRC 2026 Myanmar Championship တွင် Youth Robot Design Competition နှင့် Super AI Super Track Competition ကို ယှဉ်ပြိုင်ခဲ့ကြပြီး World Robot Contest အဖွဲ့ကြီး၏ National Organizer ဖြစ်သည့် Titan EDU က ဦးဆောင် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ Robot ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်ကလေးများသည် နိုင်ငံတကာအထိ သွားရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင်လည်း AI & Robotics နည်းပညာပိုင်းနှင့် ပတ်သက်၍ တရုတ်၊ မလေးရှား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့တွင် ပြုလုပ်မည့် World Robot Contest ပြိုင်ပွဲသို့ သွားရောက်ယှဥ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
