MT News
၃၁. ၅. ၂၀၂၆
အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်၊ မနက်ပိုင်းက နယူးဒေလီမြို့ရှိ Taj Mahal ဟိုတယ်တွင် ပြုလုပ်သော မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲကို မြန်မာ စီးပွားရေးလုပ်ငန်းရှင်များနှင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီအခြေစိုက် ကုမ္ပဏီများမှ အမှုဆောင်အရာရှိချုပ်များ အပါအဝင် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။






ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားပြီး တက်ရောက်လာကြသူများက မေးခွန်းမေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားမှုများ ပြုလုပ်ခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ်၏ တရားဝင်ဖိတ်ကြားချက်အရ မေ ၃၀ ရက်မှ ဇွန် ၃ ရက်အထိ အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မနက်ဖြန်တွင် အိန္ဒိယဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဟုလည်း သိရသည်။
