






နေမိုး
၃၀. ၅. ၂၀၂၆
မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မင်းဘူး-အမ်း လမ်းပိုင်းပေါ်တွင် တပ်မတော် ထောက်ပို့ကား တစ်စီးကို NUG လက်အောက်ခံ မင်းဘူးမြို့နယ် ပကဖ၊ CDF-Asho၊ NSA လူ့ဘောင်သစ် တပ်မတော်တို့က မေလ (၂၈) ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ရာ တပ်မတော်သား (၆) ဦး ကျဆုံးပြီး (၃) ဦး ဖမ်းဆီးခံရကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု NUG ၏ MOD က ထုတ်ပြန်သည်။
မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် ထိတွေ့ပစ်ခတ်မှု မိနစ် (၂၀) ကြာ ဖြစ်ပွားခဲ့ပြီး အူဇီ (၃) လက်၊ MA-1 (၂) လက်၊ MA-2 (၁) လက်၊ ၅.၅၆ ကျည် လက်ဆွဲဘောက် (၁) လုံး၊ ၁၂၂ မမ MLRS ရော့ကတ် ပို့ယမ်း သေတ္တာ (၆) လုံးနှင့် ၁၂၂ မမ MLRS ရော့ကတ် (၂၈) လုံး သိမ်းဆည်းရရှိခဲ့သည်ဟုလည်း NUG က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုသည် လေကြောင်းရန်ကာကွယ်ရေးတပ်၊ တပ်မ (၈၈) နှင့် ပဒါန်း အမတ (၄၀၉) တိုနှင့် နီးကပ်သော နေရာဖြစ်သည်ဟုလည်း သိရပြီး လိုက်ပါသွားသူ ၁၁ ဦးတွင် ၂ ဦးသာ ရှင်သန်လွတ်မြောက်ခဲ့သည်ဟုလည်း သိရသည်။
