သက်တံ့
၃၀. ၅. ၂၀၂၆
အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာ မြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့သည်။






ထိုသို့ သွားရောက်ပြီးနောက် မဟာဗောဓိဓမ္မရိပ်သာမြန် မာဘုန်းကြီးကျောင်းရှိ ဆရာတော်၊ သံဃာများအား ဖူး မြော်ကြည်ညိုပြီး နေ့ဆွမ်းဆက်ကပ်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတဦမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီး ချုပ် ရှရီ နာရန်ဒရာ မိုဒီ ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ မေ ၃၀ မှ ဇွန် ၃ ရက်အထိ ငါးရက်ကြာခရီးစဥ် ရောက်ရှိနေခြင်းဖြစ်သည်။






ခရီးစဥ်အတွင်း နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲများကျင်းပခြင်းတို့အပြင် အိန္ဒိယ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အကြီးအကဲများနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံတွေ့ဆုံသွားမည်ဖြစ်သည်။ ထို့အပြင် အထင်ကရအခြေခံ အဆောက်အဦ စီမံကိန်းများကိုလည်း လေ့လာသွားမည်ဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ ကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
