
နေမိုး
၂၈. ၅.၂၀၂၆
KIA နှင့် PDF တို့က ဝါယာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့မှ လက်နက်ကိုင်တစ်ဦးကို ဖမ်းမိထားသည်ဟု သတင်းမှားဖြင့် ဝါဒဖြန့်နေသည်ကို ဝါယာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ဖော်ထုတ်လိုက်သည်။
Sitt Naing ဆိုသည့် အကောင့်ကို သုံးစွဲသည်ဆိုသော ဝါယာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းမိထားသည်ဟု KIA နှင့် PDF တို့က သတင်းမှားဖြင့် ဝါဒဖြန့်မှုကို KIA နှင့် PDF ထောက်ခံသော မီဒီယာများနှင့် Peolpe Spring ကပါ “KIA ကို စိန်ခေါ်ထားတဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်သားကို KIA အရှင်ဖမ်းဆီး” အမည်တပ်ကာ သတင်းမှားဖြန့်ခဲ့ကြပြီး ဝါယာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ဖြေရှင်းချိန်မှသာ ပြန်လည်တောင်းပန်ခဲ့ကြသည်။
“ဂျင်းအကြီးကြီးမိပြီး ဝမ်းသာနေသော KIA အုပ်စု။ တကယ်တော့ ဝါရာဇွပ်က စစ်သည် အပြစ်ဖောက်လို့ ထွက်ပြေးတဲ့အချိန် တပ်ဖွဲ့က ပြန်လည်ဖမ်းမိတဲ့အချိန်ရိုက်ထားသောပုံပဲဖြစ်ပါတယ်။ KIA ရဲ့ဝါဒဖြန့် ဂျင်းထည့်ခြင်းပါပဲဗျာ။ ကိုယ့်စီမှာ အပြစ်ဖောက်လို့ တပ်ဖွဲ့က ပြန်ဖမ်းထားတာကို ပုံကဘယ်လိုပွလဲတော့ မသိဘူး။ ဒါကိုရာရာစစကွာ။ တကယ့်ကောင်တွေ။ မေဘေးဂျင်းကောင်တွေ”ဟု ဝါယာဇွပ်က တုံ့ပြန်သည်။
ကိုမင်းဇေသန့်ဦးဆောင်သည့် ဝါယာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့သည် တိုက်ရည်ခိုက်ရည်ကောင်းပြီး ဖားကန့်ဒေသအတွင်းမှ KIA ကို တုံ့ပြန်ချေမှုန်းတိုက်ခိုက်နိုင်သဖြင့် KIA အဖို့ ကြိတ်မနိုင်ခဲမရ ဒုက္ခခံနေရသောအဖွဲ့ဖြစ်သဖြင့် ယခုကဲ့သို့ သတင်းမှားဖြင့် အာသာဖြေ ဝါဒဖြန့်နေရခြင်းဖြစ်ပြီး မေလ ၂၄ ရက်ကလည်း ဝါယာဇွပ်အဖွဲ့နှင့် KIA တပ်မဟာ (၂)၊ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ချိန် KIA နှင့် PDF တို့ အကျအဆုံးများပြီး ပြန်မဆွဲပြေးနိုင်သည့် အလောင်းတစ်လောင်းရရှိခဲ့သလို ဒရုန်း၊ ဂျန်မာ၊ လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့ကြသဖြင့် ယခုကဲ့သို့ သတင်းမှားဖြန့်နေကြခြင်းလည်းဖြစ်သည်။
