၂၇.၅.၂၀၂၆
Written By Thandar
ဂီတလမ်းကြောင်းပေါ်မှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော် X- Boxin ရဲ့ ၄ နှစ်အကြာမှာပြန်လည်ထွက်ရှိတဲ့ လေးခွေမြောက် “W” Vol.1 Album သစ်ကို ယနေ့ မေလ၂၇ ရက်နေ့ ည ၇ နာရီမှာထွက်ရှိ မှာဖြစ်ပါတယ်။
“ကျွန်တော့်ရဲ့ “W” Vol.1 Album ကို ဒီကနေ့ မေ ၂၇ ရက် ည ၇ နာရီမှာ ပရိသတ်တွေ စတင်နားဆင်နိုင်ပါပြီ”လို့ အဆိုတော် X-Boxin က ပြောပါတယ်။
အဆိုပါ Studio Album သစ်ကို W လိုနာမည်ပေးထားတာကို တွေ့ရပြီး Vol.1 မှာ W Breezy, 123, Fight, Poppin သီချင်းကို Featuring အနေနဲ့ Yung Hugo က သီဆိုပေးထားပြီး မြန်မာစာ၊ ဆန္ဒလေးနဲ့ We go Apart သီချင်းကို Hsu Rinaa ပါဝင်သီဆိုပေးထားတာဖြစ်သလို တေးသီချင်းပေါင်း (၇)ပုဒ် ပါဝင်တာဖြစ်ပါတယ်။
X-Boxin ကတော့ W Album အသစ်ကို Vol.1,2 အနေနဲ့ ထွက်ရှိသွားမယ်လို့ သိရပါတယ်။ ယနေ့ ည ၇ နာရီမှာ Vol.1 ကို အရင်ထွက်ရှိပြီးတော့ Vol.2 ကိုဆက်လက်ထွက်ရှိမှာလည်းဖြစ်ပါတယ်။
သူဟာ ၂၀၁၆ ခုနှစ်က 9 Album ၊ ၂၀၁၈ ခုနှစ်က 99 Album ၊ ၂၀၂၀ မှာ Future Album နဲ့ ယခု ၂၀၂၆ ခုနှစ်မှာ W Album ကို ထွက်ရှိတာဖြစ်ပါတယ်။
W Album ဟာ X-Boxin ရဲ့ ၄ ခုမြောက် Studio Album တစ်ချပ်ဖြစ်ပြီး Single, Mini Album တွေနဲ့ Collaboration Project တွေနဲ့ Future Album နောက်ပိုင်း ၄ နှစ်အကြာမှာ ပထမဆုံးပြန်ဖန်တီးလာတဲ့ Music Album တစ်ခုဖြစ်ပါတယ်။
#Xboxin #WAlbum #XBOXIN #TheMyanma #Wbreezy #MyanmarSinger #MyanmarMusic
