နေမိုး
၂၇. ၅. ၂၀၂၆
မွန်ပြည်နယ်အတွင်း ထကြွသောင်းကျန်းနေသော NUG ဩဇာခံ ရေးဘီလူး PDF အဖွဲ့စခန်းကို တပ်မတော်က ယနေ့ ချေမှုန်းမှုအတွင်း PDF များစွာသေသော်လည်း ရေးဘီလူး မသေခဲ့ကြောင်း သိရသည်။
တပ်မတော်က ယနေ့ မေလ ၂၇ ရက် ကူးစအချိန်တွင် ရေးဘီလူး၏စခန်းကို ပြည်သူတို့၏ တိတိကျကျသတင်းပေးမှုအရ ဗုံးကြဲ ချေမှုန်းခဲ့ရာ စခန်းတစ်ခုလုံး မွမွကြေပြီး PDF ဆယ်ချီသေဆုံးသော်လည်း ခရီးသွားနေသည့် ရေးဘီလူး လွတ်မြောက်သွားခဲ့သည်ဟုလည်း သိရသည်။
ယနေ့ နေ့လယ်ပိုင်းတွင် ရေးဘီလူးတင်လာသော ပုံများအတွင်း PDF ရှစ်လောင်းထက်မနည်းကို ကိုယ်လက်အင်္ဂါပြည့်စုံစွာတွေ့ရသော်လည်း လေယာဥ်ဗုံးတိုက်ရိုက်ထိဟန်ရှိသည့် အစိတ်အပိုင်းများကိုမူ မိုးကာစဖြင့် ဖုံးအုပ်ထားသလို သေဆုံးဒဏ်ရာရ အရေအတွက်ကိုလည်း ရေးဘီလူးက မထုတ်ပြန်ဘဲ”ဒီနေ့မင်းတို့ပြုံးပါ…ကျန်တဲ့နေ့တွေမှာငါတို့အပြုံးပဲနော်”ဟုလည်း ဆဲဆို ခြိမ်းခြောက်ထားသည်။








