ပုံစာ။ ရေးဘီလူးကိုယ်တိုင် စစ်သုံပန်းတစ်ဦးကို သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုကျူးလွန်နေပုံ
နေမိုး
၂၇. ၅. ၂၀၂၆
မွန်ပြည်နယ်အတွင်း အခြေစိုက်ကာ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူများကို လက်နက်အားကိုး၍ သာလွန်အင်အားဖြင့် လိုက်လံသတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုများစွာ ကျူးလွန်နေသည့် NUG ဩဇာခံ ရေးဘီလူး PDF အဖွဲ့၏ စခန်းကို တပ်မတော်က ယနေ့ မေလ ၂၇ ရက်သန်းခေါင်ယံကျော်ပြီးစအချိန် လေကြောင်းမှတစ်ဆင့် ချေမှုန်းတိုက်ခိုက်ခဲ့သဖြင့် စခန်းတစ်ခုလုံး ပျက်စီးသွားသည့်အပြင် PDF ဆယ်ချီ သေဆုံးခဲ့ကြောင်း ကနဦး သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သံဖြူဇရပ်တွင် ရေနံချေးသုတ် အလုပ်သမား သုံးဦး၊ MPT ဝန်ထမ်းနှစ်ဦးနှင့် တပ်မတော်အရာရှိတစ်ဦးကို ဆက်တိုက်သတ်ဖြတ်ခဲ့မှုကြောင့် ပြည်သူများက ရွံရှာသွားသော ရေးဘီလူး၏ တပ်စခန်းကို ဒေသခံပြည်သူများ၏ တိကျစွာသတင်းပေးပို့မှုအရ တပ်မတော်က ချေမှုန်းတိုက်ခိုက်နိုင်ခြင်းဖြစ်ပြီး ထိုသို့ချေမှုန်းမှုအတွင်း PDF ၂၀ ဝန်းကျင်ခန့် သေဆုံးခဲ့သည်ဟု ဆိုသလို ရေးဘီလူးကိုယ်တိုင် ပါဝင်သေဆုံးသွားသည်ဟုလည်း သတင်းများထွက်နေသည်။ ထိုဖြစ်စဥ်အတွက် ရေးဘီလူး၏ Messenger သို့ သွားရောက်ကာ ဖြစ်စဥ်မှန် မမှန်မေးသော်လည်း လက်ရှိအချိန်အထိ Seen ပြမှု မရှိပေ။
ရေးဘီလူးသည် ပြီးခဲ့သော နှစ်နစ်အတွင်း မကြာခဏသေဆုံးပြီဟု သတင်းထွက်ခဲ့စဥ်က ချက်ချင်း ဖြေရှင်းသော်လည်း ယနေ့ဖြစ်ရပ်တွင်မူ ဖြေရှင်းနိုင်ခြင်းမရှိသလို ရေးဘီလူး၏ Facebook တွင်လည်း ရေးဘီလူး Youtube စတင်မိတ်ဆက်ပြီဖြစ်ကြောင်းနှင့် “ရှင်သန်ဖို့တစ်ခုကို ကံကြမ္မာကပေးပြီးရင် သေချင်းကိုလည်းပြန်ပေးဆပ်ရမှာပဲ…အဓိပ္ပါယ်ရှိတဲ့အရာတွေနဲ့ဖြတ်သန်းကြရအောင်❤တို့💪💪”ဟု ရေးသားထားပြီး တစ်ပတ်မပြည့်ခင် ယခုလို ချေမှုန်းခံရခြင်းဖြစ်သည်။
ပုံစာ။ ရေးဘီလူးကိုယ်တိုင် စစ်သုံပန်းတစ်ဦးကို သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုကျူးလွန်နေပုံနှင့် ရေးဘီလူးသေဆုံးပြီဟု ဖြန့်ဝေနေသော ပုံရိပ်များ။





