၂၇.၅.၂၀၂၆
Written By Thandar
Shwe Myanmar Production က ပျော်ရွှင်ရယ်မောစရာ ဟာသဇာတ်လမ်းပုံစံ “ချုပ်ကွက်” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို မေလ ၂၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ်ရှိ နဝဒေးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့် ဒီဇာတ်ကားမှာ ရပ်ကွက်ထဲကကောင်လေး ဩကြီးဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ သဲသဲကတော့ ဗိုလ်မဆိုတဲ့ ဇာတ်ကောင်နေရာကမို့ သူလည်း ရိုက်ရတာ အဆင်ပြေတယ်။ အသက်အရွယ်မတူ ကြပေမယ့် ဇာတ်ကာရိုက်တာအရ ကိုယ့်ကို သားလေးလို့ ခေါ်တာပေါ့။ အကုန်လုံးကတော့ ဟာသကားဆိုတော့ ဒါရိုက်တာကိုဇော်ပြောတဲ့အတိုင်း ကာရိုက်တာပီပြင်အောင် သရုပ်ဆောင်ထားကြတယ်လို့ ပြောလို့ရပါတယ်။”လို့ သရုပ်ဆောင်နေဝင်းက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း သန့်ထင်၊ ဇာတ်ညွှန်း မင်းကိုစိုး(နတ်သံကွင်း)၊ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ရိုက်ကူးပြီး သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီနေဝင်း၊ တေဇလင်းရောင်၊ ဝင့်ယမုံနိုင်၊ သဲစုညိမ်း၊ ဇော်ဝင်းနိုင် (မန်း)၊ မိုးပြည့်ပြည့်မောင်၊ စိုးမိုးကြည်၊ ခင်လှိုင်၊ ဇင်မျိုး၊ Kညီ၊ အထူးဧည့်သည်သရုပ်ဆောင် ရဲလွင်ဦးတို့ ပါဝင်ထားကြပါတယ်။
“ချုပ်ကွက်” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် မေလ၂၉ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
#အကယ်ဒမီနေဝင်း #တေဇလင်းရောင် #ဝင့်ယမုံနိုင် #သဲစုညိမ်း #ဇော်ဝင်းနိုင်(မန်း)၊ #မိုးပြည့်ပြည့်မောင် #NayWin #ThaeSuNyein #TayzaLiNYaung #ချုပ်ကွက်ရုပ်ရှင်ဇာတ်ကားကြီး #ShweMyanmarProduction








