၂၆.၅.၂၀၂၆
Written By Thandar
ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေရခဲ့သလို သရုပ်ဆောင်ပိုင်းမှာလည်း အကယ်ဒမီ ရရှိထားတဲ့ ရုပ်ရှင်မင်းသား အကယ်ဒမီထွန်းထွန်းကတော့ ဘဝကို အသက် (၄၀)ကျော်မှ စတယ်ဆိုတာ တကယ်ချစ်ရမယ့်သူရှိလာလို့ပါလို့ ရင်ဖွင့်လာပါတယ်။
“ဘဝကို အသက် ၄၀ ကျော်မှ စတယ်ဆိုတာ တကယ်ချစ်ရမယ့်သူရှိလာလိုပါဗျာ…။ ချစ်လိုက်တာ …။ ချစ်တယ် ..။ အရမ်းချစ်တယ် ဆိုတာထက်ပိုချစ်တယ်..ဒါပါပဲ..” လို့ အဆိုတော် အကယ်ဒမီ ထွန်းထွန်းက ပြောပါတယ်။
သူဟာ လာမယ့် မေလ ၂၈ ရက် နံနက်ပိုင်းမှာ ချစ်သူကောင်မလေး အေးငြိမ်းသူနဲ့ မင်္ဂလာဧည့်ခံပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Hotel မှာ ခမ်းနားစွာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပွဲမှာတော့ မင်္ဂလာဘိသေကဆရာ ဘိုမြင့်သန်း၊ စည်သူဒေါ်တင်တင်မြ၊ စောင်း ကိုဝင်းကျော်(ယဉ်ကျေးမှု) တင်ဆက်ပေးသွားမယ်လို့ သိရပါတယ်။
“အခုတလော လူမှုရေးကိစ္စ အဝဝပျက်ကွက်တာတွေကို တောင်းပန်ပါတယ်ဗျာ… ။ အတော်လေးကို အလုပ်တွေများနေလို့ပါ..နားလည်ပေးတဲ့ချစ်မိတ်ဆွေအပေါင်းကို ကျေးဇူးအရမ်းတင်ပါတယ် ဗျာ”လို့ သူက ဆက်ပြောပါတယ်။
#ထွန်းထွန်း #အဆိုတော်ထွန်းထွန်း #အကယ်ဒမီထွန်းထွန်း #အေးငြိမ်းသူ #TunTun #AyeNyeinThu
#MyanmarActor #MyanmarSinger #Years40 #CeleWedding









