၂၃.၅.၂၀၂၆
Written By Thandar
ရုပ်ရှင်သရုပ်ဆောင် မမဆောင်းရဲ့မေလ ၂၂ ရက်နေ့မှာကျရောက်တဲ့ မွေးနေ့ကို အလှူအတန်းတွေနဲ့ဖြတ်သန်းခဲ့တယ်လို့ ဆိုပါတယ်။
“အမရဲ့ မေလ ၂၂ ရက်မှာကျရောက်တဲ့ မွေးနေ့အလှူအဖြစ် ကြည့်မြင်တိုင်က အရှင်ဥတ္တမစာသင်တိုက်ကို သိန်း ၁၀၀ (ရာသက်ပန် ဆွမ်း၊ ဆေး) အတွက်လှူဒါန်းပြီး ဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်။ နောက် မွေးနေ့အလှူအနေနဲ့ စစ်ကိုင်းက ချမ်းမြေ့ခေမာ သီလရှင်ကျောင်းနဲ့ ရှင်များရှင်သီလရှင်ကျောင်း နှစ်ကျောင်းကို ကျပ် သိန်း ၁၅၀ လှူခဲ့ပါတယ်။ လိုအပ်တဲ့နေရာ လှူခွင့်ရလို့လည်း ပျော်ပါတယ်။ မွေးနေ့တိုင်းမှာ အမက အလှူလေးတွေလုပ်ဖြစ်သလို မွေးနေ့မလုပ်လည်း လှူဖြစ်ပါတယ်”လို့ သရုပ်ဆောင် မမဆောင်းက ပြောပါတယ်။
အဆိုပါမွေးနေ့ Dinner Party ကို ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ ကျင်းပခဲ့ရာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ချမ်းသာကြည်စိုး၊ မိုးယံဇွန်၊ စစ်သွေး၊ ရိုတ၊ ဟန်ထူးဈာန်၊ စုလှိုင်နှင်း၊ ပွင့်နဒီမောင်၊ ဗီဗာဟိန်း၊ ထက်ထက်ထွန်း၊ ပွင့်၊ ဈာဈာန်ဟန်သာ စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီ Dinner Party ပွဲမှာ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေကို ဧည့်ခံကျွေးမွေးပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ကျပ် ၁၀ သိန်းထပ်မံလှူဒါန်းခဲ့ကာ မွေးနေ့ကိတ်ခွဲခဲ့ကြပါတယ်။
#မမဆောင်း #MaMaSaung #Saung #CeleDinnerBirthday #မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး #မွေးနေ့ရှင် #မမဆောင်း #CeleDonation #အရှင်ဥတ္တမစာသင်တိုက်သိန်း၁၀၀ #စစ်ကိုင်းကချမ်းမြေ့ခေမာသီလရှင်ကျောင်း #ရှင်များရှင်သီလရှင်







