၂၁.၅.၂၀၂၆
Written By Thandar
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပြေတီဦးနဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့ မိသားစုက ရန်ကုန်မြို့ရှိ သမိုင်းဝင်ကျိုက္ကစံစေတီတော်မြတ်ကြီးရဲ့ စိန်ဖူးတော်မှာ ညောင်ရွက်ပုံရွှေပြားတစ်ချပ်နဲ့ ရွှေဆေးသုတ်ဖို့ အလှူငွေ ကျပ် ၁၂၂ သိန်းကို လှူဒါန်းခဲ့ပါတယ်။
“(၁၈)မိုင်တောရဆရာတော်ဘုရားကို အမှူးထားပြီးတော့ သမိုင်းဝင်ကျိုက္ကစံစေတီတော်မြတ်ကြီးရဲ့ စိန်ဖူးတော်မှာ ကောင်းမှုကုသိုလ်ပြု အလှူအတန်းတွေကို မိသားစုနဲ့အတူကုသိုလ်ပြုခဲ့ပါတယ်။ ဒီလှူဒါန်းရတဲ့ အကျိုးအားကြောင့် အလှူရှင်မိသားစု စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း နှစ်ဖြာသော သုခနဲ့ပြည့်စုံပြီး အလိုရှိရာ တောင့်တတိုင်း ဆန္ဒနဲ့ထပ်တူ ပြည့်စုံနိုင်ကြပါစေ”လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဆိုပါ အလှူဒါန်းမှုမှာတော့ ကျိုက္ကစံစေတီတော်မြတ်ကြီးရဲ့ စိန်ဖူးတော်မှာ ညောင်ရွက်ပုံရွှေပြား တစ်ချပ် ၁၁၇ သိန်းနဲ့ အထက်ပစ္စယာမှာ ရွှေဆေးသုတ်ဖို့အတွက် ဆေးပုံး (၅)သိန်း စုစုပေါင်းအလှူငွေ ကျပ် ၁၂၂ သိန်းတို့ကို စေတီတော်ရင်ပြင် နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံကြီးမှာ ရေစက်သွန်းချလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
#အကယ်ဒမီပြေတီဦး #ပြေတီဦး #အကယ်ဒမီအိန္ဒြာကျော်ဇင် #ပြေသုဒြာ #ပြေဓီရ #PyayTiOo #EaindarKyawZin #MyanmarActor #MyanmarCeleDonation #ကျိုက္ကစံစေတီတော်မြတ်ကြီး







