




နေမိုး
၁၈. ၅. ၂၀၂၆
တပ်မတော်ထံ အလင်းဝင်လာသူ သရက် PDF ၉ ဦးကို မိဘအမည်နှင့် နေရပ်ပါ ပူးတွဲဖော်ပြပြီး အမည်ပျက်စာရင်းသွင်းလိုက်သည်ဟု သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ယနေ့ ထုတ်ပြန်လာသလို ထိုသို့ မိသားစုပါ ခြိမ်းခြောက်သည့် လုပ်ရပ်ကြောင့် အလင်းဝင် PDF တို့၏ မိသားစုပါ သတ်ဖြတ်ခံရမည့်အခြေအနေဖြစ်လာနေကြောင်း သိရသည်။
သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ တပ်မတော်ထံ အလင်းဝင်လာသူများမှာ ကံမမြို့နယ်၊ ရေနံ့သာကျေးရွာနေ ဖလက် (ခ)သက်ထွန်း၊ ဝက်ကုန်းကျေးရွာနေ စစ်သွေး (ခ) သက်နိုင်ထွန်း၊ ဇွေးမိကျေးရွာနေ တာတီး (ခ) ငဖြိုး၊ ခြောက်ပင်ကျေးရွာနေ သီဟ (ခ) ကျော်သီဟ၊ သရက်မြို့နယ်၊ ပျဉ်းအိုင်ကျေးရွာနေ ဝိုင်းလေး (ခ) ထွန်းနိုင်ဝင်း၊ တောင်မင်းတဲရပ်ကွက်နေ လိုင်ဂါးခေါ် (ခ) သက်ပိုင်စိုးနှင့် နွေဦး (ခ) ကောင်းခန့်ဟိန်း၊ မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာနေ တာနော (ခ) ရှင်းသန့်မောင်နှင့် ကံတွင်းကျေးရွာနေ မြတ်သူ (ခ) နိုင်ထက်ဝေတို့ဖြစ်ကြောင်း သိရသည်။






PDF တို့က ရန်သူဟု သတ်မှတ်ထားသော တပ်မတော်ကပင် အလင်းဝင် PDF များကို သွေးသားသဖွယ်စောင့်ရှောက်ကာ ဆုငွေများ ချီးမြှင့်ခြင်း၊ ပညာပြန်လည်သင်ယူရန် တိုက်တွန်းခြင်းနှင့် အလုပ်အကိုင်ရရှိလုပ်ကိုင်ရေး တိုက်တွန်းဆောင်ရွက်ပေးနေချိန်တွင် NUG နှင့် PDF တို့က အလင်းဝင် PDF သာမက မိသားစုကိုပါ သတ်ဖြတ်ရန် ထည့်သွင်းဖော်ပြ လှုံ့ဆော်နေမှုများမှာ အောက်တန်းကျ ယုတ်ညံ့သော လုပ်ရပ်အဖြစ်လည်း NUG နှင့် PDF ထောက်ခံသူတို့ကိုယ်တိုင် ဝေဖန် ရှုတ်ချနေကြသည်။
