နေမိုး
၁၁. ၅. ၂၀၂၆
မဲမသမာမှုပြုတဲ့ NLD ပါတီ အာဏာလက်လွှတ်ရအပြီးမှာ ပေါက်ဖွားလာတဲ့ CRPH နဲ့ NUG ဟာ အကြမ်းဖက် PDF တွေ မွေးထုတ်ပြီး နေရာအနှံ့မှာ တပ်မတော်ကို တိုက်ခိုက်ဖို့ ဗုံးလိုက်ထောင်မှုတွေကြောင့် မြန်မာနိုင်ငံတစ်ခုလုံး မိုင်းကွင်းချည်းဖြစ်နေသလို ကြားထဲက အပြစ်မဲ့ ပြည်သူရာပေါင်းများစွာဟာ နှစ်စဉ်သေဆုံးနေရတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားနေတဲ့နည်းတူ အခုလည်း PDF တွေ သောင်းကျန်းနေတဲ့ ရေစကြိုမှာ ငှက်ပစ်ထွက်တဲ့ ကလေးငယ်လေးဦး မိုင်းနင်းမိရာက နှစ်ဦးသေဆုံးသွားပြီး နှစ်ဦးစိုးရိမ်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်က မေလ ၈ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဆန်းသစ်ကျေးရွာနေ မောင်ဇင်မင်းနိုင်(၁၂)နှစ်၊ မောင်နိုင်မင်းအောင်(၁၂)နှစ်၊ မောင်ရဲထက်ဇော်(၁၁)နှစ်နဲ့ မောင်ထက်မြတ်မင်း(၇)နှစ်တို့ လေးဦးဟာ ဆန်းသစ်ကျေးရွာအနောက်မြောက်ဘက် ငါးဖာလုံခန့်အကွာ ကျေးရွာသင်္ချိုင်းအနီး ငှက်ပစ်နေချိန် မောင်ဇင်မင်းနိုင်က PDF တွေ ထောင်ထားတဲ့ နင်းမိုင်းတစ်လုံးကို နင်းမိခဲ့တာကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ပြည်ထဲရေးဝန်ကြီးဌာနက သိရပါတယ်။
ဒီလို ပေါက်ကွဲခဲ့မှုကြောင့် မောင်ဇင်မင်းနိုင်နဲ့ မောင်ထက်မြတ်မင်းတို့ဟာ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာတွေရရှိကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး မောင်နိုင်မင်းအောင်နဲ့ မောင်ရဲထက်ဇော်တို့မှာ စိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာများစွာရရှိခဲ့လို့ ပခုက္ကူမြို့နယ်ပြည်သူ့ ဆေးရုံကြီးဆီ ပို့ဆောင်ထားရှိတယ်လို့ သိရပါတယ်။



