နေမိုး
၈. ၅. ၂၀၂၆
စစ်တပ်ဒေါက်တိုင်ဟု ဆိုကာ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု ဝိုင်းကျေးရွာမှ အမျိုးသားနှစ်ဦးကို သာယာ၀တီ PDF များက ပစ်ခတ်သတ်ဖြတ်လိုက်သည်ဟု ကျူးလွန်သည့် သာယာဝတီခရိုင်၊ တပ်ရင်း၃၈၀၂၊ တပ်ခွဲ-၄ က ဝန်ခံချက်ထုတ်ပြန် သည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု ဝိုင်းကျေးရွာမှ ဦးကျော်ဦးနှင့် ပြည်တော်အေးရွာမှ ဦးအောင်ဇာ်တို့နှစ်ဦးအား မေလ ၆ ရက် နေ့လယ် ၁ နာရီခွဲအချိန်ခန့်တွင် ပြည်တော်အေးရွာမှ ဦးအောင်ဇော်၏နေအိမ်တွင် သာယာဝတီခရိုင်၊ တပ်ရင်း၃၈၀၂၊ တပ်ခွဲ-၄ PDF များမှ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ကျူုးလွန်သူတို့ ဝန်ခံချက်တွင် ဖော်ပြသည်။

ဦးကျော်ဦးနှင့် ဦးအောင်ဇော်တို့မှာ တပ်မတော် စစ်ကြာင်းထိုးရန် လှုံ့စော်ခြင်း၊ လမ်းသွားပြည်သူများအား ဖမ်းဆီးစစ်ဆးခြင်း၊ လုံခြုံရေးတပ်ဖွဲ့များနှင့် ပေါင်း၍ လောင်းကစားဝိုင်းများ ပြုလုပ်ကာ ငွေကောက်ခံခြင်းများပြုလုပ်နေသောကြောင့် ဖမ်းဆီးစစ်ဆေးရန် ဦးအောင်ဇော်အိမ်ကို သွားရာက်ရာတွင် PDF များအား 5.56 လက်လုပ်သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းကြောင့် အပြန်လှန်ပစ်ခတ်မှု ဖြစ်ပြီးနောက် ဦးကျော်ဦးနှင့် ဦးအောင်ဇော်တို့မှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းနှင့် ၎င်းတို့ထံမှ လက်လုပ်ခါးချိုးအတိုတစ်လက်၊ လက်ပစ်ဗုံးတစ်လုံး၊ 5.56 ကျည် ၆ တောင့်တို့ကို သိမ်းဆည်းခဲ့ကြောင်း ဖော်ပြထားသော်လည်း ထိုစွပ်စွဲချက်များ မှန် မမှန်ကိုမူ MT News က မြေပြင်အတည်မပြုနိုင်ဘဲ ကျူးလွန်သည့် သာယာဝတီခရိုင်၊ တပ်ရင်း၃၈၀၂၊ တပ်ခွဲ-၄ ၏ ဝန်ခံချက်ကိုသာ ဖော်ပြခြင်းဖြစ်သည်။


ပဲခူးတိုင်းဒေသကြီးသည် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများကို PDF များက ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု တံဆိပ်ကပ်ကာ သတ်ဖြတ်မှုများပြားသည့် တိုင်းဒေသကြီးဖြစ်သော်လည်း ကျူးလွန်သည့် PDF များကို နှိမ်နင်းအရေးယူနိုင်မှု နည်းပါးသည်။
