၈. ၅.၂၀၂၆
Written By Thandar
ပရိသတ်တွေ ဘဝအမောပြေစေမယ့် ဟာသဇာတ်လမ်းပုံစံ “ ယောက်ျားကောင်း ”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို မတ်လ ၇ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ နဝဒေးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်ကားက ယမင်းအတွက် ပထမဦးဆုံး ဟာသကားလို့လည်း ပြောလို့ရပါတယ်။ ယမင်းက ဒီကားထဲက မိတ်ကပ်တွေဘာတွေ မလိမ်းဘဲ Tomboy ပုံစံလေး သရုပ်ဆောင်ထားတာပါ။ ငွေဆောင်ကမ်းခြေမှာ တစ်ဖွဲ့သားလုံး ပျော်ပျော်ပါးပါးလေး အကုန်ရိုက်ကူးခဲ့တာပါ ”လို့ သရုပ်ဆောင် ယမင်းမေဦးက ပြောပါတယ်။
Lotus Film Production က ဒီဇာတ်ကားကို ဇာတ်လမ်း မိုးနီလွင်၊ ဇာတ်ညွှန်း ရာဇဝင်ကိုရေးသားပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီမြင့်မြတ်၊ အကယ်ဒမီ ရွှေထူး၊ အကယ်ဒမီ ရတနာဗိုလ်၊ နော်ဖောအယ်ထား၊ ယမင်းမေဦး၊ ဆုထက်၊ ဘေဘေး၊ မိတ်ကပ်ခင်စန်းဝင်း၊ မိတ်ကပ်ညီညီမောင်၊ ဆင်မ၊ ဇင်မျိုး၊ ကေညီ စတဲ့သူတွေနဲ့ ရိုက်ကူး ပါဝင်ထားကြပါတယ်။
“ယောက်ျားကောင်း”ရုပ်ရှင်ဇာတ်ကားကြီးကို ဒီနေ့ မေလ ၈ ရက်နေ့မှာ စတင်ပြီး မြန်မာတစ်ပြည်လုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
#ယောက်ျားကောင်း #မြင့်မြတ် #ရွှေထူး #ရတနာဗိုလ် #နော်ဖောအယ်ထား #ယမင်းမေဦး #ဆုထက် #ဘေဘေး #MyintMyat #ShweHtoo #YadanarBo #NawPhawEhHtar #YaminMayOo #SuHtet #MyanmarActor









