သက်တံ့
၈. ၅. ၂၀၂၆
အမေရိကန်သံရုံးအပါအဝင် သံရုံးရှစ်ခုကို ဝင်ရောက်လေ့လာနိုင်မည့် 𝐂𝐮𝐥𝐭𝐮𝐫𝐚𝐥 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐨𝐧𝐬 𝟐𝟎𝟐𝟔 အား ယခုလအတွင်း ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အသိပေးထားသည်။
𝐂𝐮𝐥𝐭𝐮𝐫𝐚𝐥 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐨𝐧𝐬 𝟐𝟎𝟐𝟔 တွင် ပါဝင်မည့်သံရုံးများမှာ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ယူကေနှင့် အမေရိကန်သံရုံးတို့ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံအသီးသီး၏ ယဉ်ကျေးမှုများကို ရန်ကုန်မြို့မှာတင် ဝင်ရောက်လေ့လာနိုင်မည်ဖြစ်သည်။
“𝐂𝐮𝐥𝐭𝐮𝐫𝐚𝐥 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐨𝐧𝐬” အစီအစဉ်ကတော့ အတွေ့အကြုံအသစ်တွေ၊ နှီးနှောဖလှယ်မှုအသစ်တွေနဲ့အတူ ဒီမေလထဲမှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာပါဦးမယ်။ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ယူကေနဲ့ အမေရိကန်သံရုံးတွေနဲ့ ယဉ်ကျေးမှုစင်တာတွေဟာ သက်ဆိုင်ရာနိုင်ငံအသီးသီးရဲ့ ယဉ်ကျေးမှုတွေကို ရန်ကုန်မြို့မှာတင် ဝင်ရောက်လေ့လာနိုင်ဖို့ သူတို့ရဲ့ တံခါးတွေကို ဖွင့်လှစ်ထားမှာဖြစ်ပါတယ်။ “𝐂𝐮𝐥𝐭𝐮𝐫𝐚𝐥 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐨𝐧𝐬” ဆိုတာ လာရောက်လည်ပတ်သူတွေကို အနုပညာ၊ ဂီတ၊ အစားအစာနဲ့ လက်တွေ့ပါဝင်ဆင်နွှဲနိုင်တဲ့အစီအစဉ်တွေကတဆင့် ရိုးရာဓလေ့တွေ၊ တီထွင်ဖန်တီးမှုတွေနဲ့ လူမှုအသိုက်အဝန်းတွေအကြောင်းကို တွေ့ကြုံခံစားနိုင်မယ့် အခွင့်အရေးတွေပေးအပ်သွားမယ့် ပျော်စရာကောင်းတဲ့ နိုင်ငံတကာယဉ်ကျေးမှုပွဲတော်တစ်ခုပါပဲ။ တံခါးဖွင့်ပြီးကြိုနေကြမယ့် နေရာတစ်ခုချင်းစီတိုင်းမှာ နိုင်ငံတစ်နိုင်ငံချင်းစီအကြောင်းကို ပိုပြီးနားလည်နိုင်ဖို့၊ ဆက်ဆံရေးတည်ဆောက်ကြဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေကို ခိုင်မာအားကောင်းစေတဲ့ မတူကွဲပြားမှုကို ဆင်နွှဲကြဖို့ တမူထူးခြားတဲ့ အခွင့်အလမ်းတွေ ရှိနေမှာပါ။ ဒီအထူးခရီးစဉ်အတွက် အားလုံးကို ဖိတ်ခေါ်ပြီး အတူတူ မျှဝေခံစားကြဖို့ မိမိတို့ စိတ်အားထက်သန်စွာ စောင့်မျှော်နေပါမယ်။”ဟုလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အသိပေးသည်။
အဆိုပါသံရုံးအသီးသီးထံ မြန်မာပြည်သူများ ဝင်ရောက်လေ့လာကြည့်ရှုနိုင်ရေးအတွက် ပွဲကျင်းပမည့်နေ့ရက်ကို မကြာမီအတည်ပြုထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
