၇.၅.၂၀၂၆
Written By Thandar
Fg Series Production နဲ့ Hey Play Application တို့က ပူးပေါင်းတင်ဆက်မယ့် အချစ်ဒရာမာဇာတ်လမ်းပုံစံ “မေတ္တာလေညင်း သင်းစေသား”ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲ အခမ်းအနားကို မေလ ၆ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ Zealax Hotel မှာ ကျင်းပခဲ့ပါတယ်။
“ယမုံ ဒီကားမှာ ပန်းအိဖြူဆိုတဲ့ ကာရိုက်တာလေးနဲ့ ပါဝင်ထားပါတယ်။ ပန်းအိဖြူက ဒီကားလေးထဲမှာ ရယူခြင်းနဲ့ ချစ်တာမဟုတ်ဘဲ ပေးဆပ်ခြင်းနဲ့ ချစ်တဲ့သူပေါ့နော်။ သူ့မှာ ရယူခြင်းဆိုတာမျိုး မရှိခဲ့ဘူး။ အရာအားလုံးကို မြိုသိပ်နေတဲ့ ကောင်မလေးပါ။ ယမုံအကောင်းဆုံး ကာရိုက်တာ ပီပြင်အောင် သရုပ်ဆောင်ထားပါတယ်”လို့ သရုပ်ဆောင် ယမုံမြင့်မြတ်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း မဟူရာ(လွိုင်ကော်)၊ ဇာတ်ညွှန်း ကျော်ကျော်ထွန်းနဲ့ သန္တာဝေတို့က ရေးသားပြီး ဒါရိုက်တာ ကိုကိုဝင်းက သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ထက်ဇော်၊ အကယ်ဒမီချောရတနာ၊ ယမုံမြင့်မြတ်၊ ဘုန်းမင်းနေလ၊ စောလပြည့်ဝန်း၊ နေဝန်း၊ မှူးသီဟသူ၊ သင်္ခသူ၊ ထက်ထက်လင်းလက်၊ အကယ်ဒမီ မင်းဦး၊ အကယ်ဒမီ ဝါဝါအောင်နဲ့ အနုပညာရှင်များစွာနဲ့ ရိုက်ကူး ပါဝင်ထားကြပါတယ်။
“မမမြတ်က ဒီကားမှာ အေးအေးလေးနဲ့ လောင်ရမယ့် ကားလေးပါ။ ချောရဲ့ ပရိသတ်တွေ ဇာတ်လမ်းတွဲမှာ မမြင်ရတာကြာပြီမို့ ပြန်တွေ့ရမယ့် သဘောလေးပါ။ Comeback အနေနဲ့ မျှော်နေမယ့် ပရိသတ်တွေ သဘောကျကြမှာပါ။ အရမ်းချစ်ပြီးတော့ ကိုယ့်ထက်ငယ်တဲ့ ကျော်ထက်ဇော်နဲ့ တွဲပြီးသရုပ်ဆောင်ထားပါတယ်” လို့ အကယ်ဒမီ ချောရတနာက ပြောပါတယ်။
အပိုင်း ၂၀ ပါဝင်တဲ့ “မေတ္တာလေညင်း သင်းစေသား” ဇာတ်လမ်းတွဲကို ယနေ့ မေလ ၇ ရက်နေ့မှ စပြီး အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ HEY Play Application မှာ ညနေ ၅ နာရီနဲ့ MRTV-4 ရုပ်သံလိုင်းမှာ ည ၇ နာရီမှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
#ကျော်ထက်ဇော် #ဘုန်းမင်းနေလ #အကယ်ဒမီချောရတနာ #ယမုံမြင့်မြတ် #စောလပြည့်ဝန်း #နေဝန်း #မှူးသီဟသူ #သင်္ခသူ #ထက်ထက်လင်းလက် #အကယ်ဒမီရန်အောင် #ရှင်မင်းအိမ် #FGSeriesProduction #KyawHtetZaw #ChawYadanar #YomoneMyintMyat #SawLaPyaeWun #မေတ္တာလေညင်းသင်းစေသား #HEYPlay #HEYPlayနဲ့ကြည့်မယ် #MRTV4









