၄.၅.၂၀၂၆
Written by Linn Eain
မန္တလေး-ရန်ကုန်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၄၃/၅)တွင် မေ ၄ ရက်၊ နံနက် ၁၁ နာရီခွဲခန့်အချိန်က ခရီးသည်တင်ယာဉ်တစ်စီးကားဘီးပေါက်၍ စပါယ်ယာဘီးလဲလှယ်နေစဉ် လေအိတ်ပေါက်ကာ ပိညပ်နေသူကို သွားရောက်ကူညီကယ်ထုတ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။
ထိုသို့ ကားဘီးပေါက်၍ စပါယ်ယာဘီးလဲလှယ်နေစဉ် လေအိတ်ပေါက်ပြီး ကားနှင့် ကျောက်လမ်းကြားတွင် စပါယ်ယာဖြစ်သူ အမျိုးသားတစ်ဦးညပ်နေကြောင်း သတင်းရရှိသဖြင့် စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်တွင် ကားနှင့် ကျောက်လမ်းကြား ညပ်နေသူအမျိုးသားသည် ထိခိုက်ဒဏ်ရာရရှိမှုမှာ စိုးရိမ်ရ အခြေအနေတွင်ရှိပြီး ၎င်းကို ရွှေမေတ္တာလူမှုကူညီရေးအသင်းယာဉ်ဖြင့် တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
Photo-MFSD
