၂၈.၄.၂၀၂၆
Written By Thandar
ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုများစွာရရှိထားသလို သရုပ်ဆောင်ပိုင်းမှာလည်း အကယ်ဒမီဆုရရှိထားသူ မင်းသားထွန်းထွန်းကတော့ ယနေ့ ဧပြီ ၂၈ ရက်မှာ ချစ်သူကောင်မလေးကို ရန်ကုန်မြို့က ရွှေတိဂုံဘုရားပေါ်မှာ လက်ထပ်ခွင့်တောင်းဆိုခဲ့ပါတယ်။
“ Finally ကိုကိုထွန်းထွန်း စွံပါပြီဗျို့” လို့ သရုပ်ဆောင်ရဲလွင်ဦးက ပရိသတ်သိအောင် ဖွင့်ဟလာပါတယ်။
အဆိုပါ ရွှေတိဂုံဘုရားပေါ် ဇောင်းတန်းမှာ လက်ထပ်ခွင့်တောင်းခဲ့တဲ့အခါမှာလည်း အနုပညာအသိုင်းအဝိုင်းက ချာလီငြိမ်း၊ အဒီရာဦး စတဲ့ အနုပညာရှင်တွေက လိုက်လံ Supporting ပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။ ထွန်းထွန်းကတော့ နှင်းဆီပန်းစည်းကြီးနဲ့ တန်ဖိုးရှိတဲ့ လက်စွပ်လေးနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
“သူ့ လက်ခံသွားပြီလို့။ She said YESSSS 💍Save the Date .. ”လို့ အဆိုတော် ထွန်းထွန်းက ရင်ဖွင့်လာပါတယ်။
ထွန်းထွန်းကတော့ Propose လုပ်ပုံလေးက သဘောကျနေရာလေးမှာ ရိုးရိုးရှင်းရှင်းလေးနဲ့ ပကာသနတွေမပါဘဲ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
#ထွန်းထွန်း #TunTun #MyanmarSinger #MyanmarCele #MyanmarActor #လက်ထပ်ခွင့် #ProPose




