









နေမိုး
၂၆. ၄. ၂၀၂၆
အိမ်ထောင်ကိုယ်စီရှိကြတဲ့ NUG ရဲ့ စစ်ကိုင်း ဖက်ဒရယ်ယူနစ် လွှတ်တော် အတွင်းရေးမှူးနဲ့ NLD ရဲ့ မုဒုံအမတ်ဟောင်းအမျိုးသမီးတို့ ဖောက်ပြန်နေတယ်လို့ NUG နဲ့ PDF တွေ၊ ထောက်ပို့တွေရဲ့ ပြည်သူ့အလှူငွေ လိမ်ညာခိုးဝှက်နေမှုကို ဖော်ထုတ်နေတဲ့ ဒေါက်တာဝင်းကိုကိုသိန်း (သက္ကမိုးညို) က ဒီမနက် လူမှုကွန်ရက်မှာ ဖော်ထုတ်လိုက်ပါတယ်။
“အိမ်ထောင်ကိုယ်စီရှိ၊ သားသမီး ကိုယ်စီ ရှိကြသော်လည်း တိတ်တိတ်ပုန်း ညားနေကြသော စစ်ကိုင်း ဖက်ဒရယ်ယူနစ် လွှတ်တော် အတွင်းရေးမှူး ဇော်လှိုင်သိန်းနှင့် မုဒုံ NLD အမတ် ခင်ကျော့ဖြူ တို့အား ချင်းမိုင်ရှိ ဝပ်ရှော့တခုတွင် အတူ တွေ့ရစဉ်” လို့ ဒေါက်တာဝင်းကိုကိုသိန်းက ဇော်လှိုင်သိန်းနဲ့ ခင်ကျော့ဖြူတို့ပုံတွေနဲ့ ခင်ကျော့ဖြူ မဲဆွယ်စဥ်က ကိုယ်ရေးအချက်အလက်တွေနဲ့ ဖော်ပြထားပါတယ်။
NLD ရဲ့ မုဒုံအမတ်ဟောင်း ခင်ကျော့ဖြူဟာ လက်ရှိအချိန်မှာ အသက် ၄၅ နှစ်ခန့်ရှိနေပြီဖြစ်ပြီး ဆယ်ကျော်သက်သမီးတစ်ဦးရှိသလို မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီမှာ PDF ထောက်ပို့လုပ်နေသလို အသက် ၄၀ ဝန်းကျင် ဇော်လှိုင်သိန်းကတော့ ခင်နွေဦးဆိုတဲ့ လေးနှစ်အရွယ်သမီးငယ်ရှိတယ်လို့ ဆိုပါတယ်။
ဒေါက်တာဝင်းကိုကိုသိန်း ဖော်ထုတ်မှုအပေါ် ဇော်လှိုင်သိန်းက တုံ့ပြန်မှုမရှိပေမဲ့ ခင်ကျော့ဖြူကတော့ သူအသုံးပြုတဲ့ Kyawt Phyu အကောင့်ကနေ “နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းရာမှာ ကျွံလာတော့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေပါလုပ်လာတယ်….မဟုတ်မမှန်သတင်းအတွက် တစ်ချက်ခြင်းတာဝန်ယူဖို့ပြင်ထားပါ ။ ကိုယ်စားလှယ်အချင်းချင်း အောက်တန်းကျမှု့နဲ့ တိုက်တာက အမေစုပြောခဲ့တဲ့စကားလိုပါဘဲ သူတစ်ပါးကိုနှိမ့်ချပြီးမှ အမြင့်တက်ရတာထက်မူလနေရာဘဲ ကောင်းပါတယ်ဆိုတာ….ကျွန်မကရပ်တန့်နေမှာမဟုတ်ဘူး အမှန်တရားရော ကြိုးစားမှု့ရော …”လို့ ဖော်ပြထားတာ တွေ့ရပြီး အတိအလင်းငြင်းဆိုမှုမပြုခဲ့တာ တွေ့ရပါတယ်။
ပုံစာ။ ဒေါက်တာဝင်းကိုကိုသိန်း၊ ဇော်လှိုင်သိန်းနှင့် ခင်ကျော့ဖြူတို့၏ အကောင့်များတွင် ဖော်ပြထားမှုအချို့ တွေ့ရစဥ်။
