၂၃.၄.၂၀၂၆
Written By Thandar
Mix Max Production က ဘာသာရေးနဲ့အသိပညာပေး ဇာတ်လမ်းပုံစံ “သီတလ” ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲကို ယနေ့ ဧပြီ ၂၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ အိမ်တော်ရာဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ ဒီဇာတ်ကားက ပရိသတ်တွေ မြင်တွေ့နေကြ ချစ်ကြိုက်ဇာတ်လမ်းပုံစံမျိုးမဟုတ်ဘဲ ဘာသာရေးကို ပညာပေး ဇာတ်လမ်းလေးပါ။ ဒီကားမှာက ကိုနေထက်လင်းနဲ့ မစုဒါလီကို ကိုယ့်အဖေ၊ အမေနေရာမှာ သေချာကို ရွေးချယ်ပြီး ပါဝင်ဖို့ကမ်းလှမ်းခဲ့တာပါ။ သဘောလည်း တကယ်ကိုကျတယ်။ တချို့ကဆိုရင် ကိုယ့်အဖေနဲ့ အမေလို့ကို ထင်နေကြတာလည်းရှိတော့လေ”လို့ သရုပ်ဆောင် မင်းသာကီက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ညီအောင်ညီ၊ ဇာတ်ညွှန်း ညီအောင်ညီနဲ့ အေးမြတ်ချို၊ တွဲဖက်ဒါရိုက်တာသက်ဦးကို၊ ဒါရိုက်တာသော်တာအောင်က ဘာသာရေးအသိပညာပေးဇာတ်လမ်းပုံစံကို လာမယ့် ဧပြီ ၂၅ ရက်မှ စတင်ပြီး ရန်ကုန်၊ ကျိုက်ထို၊ ပဲခူးတို့ဘက်မှာ အပိုင်း ၂၀ စာ ရိုက်ကူးပုံဖော်မှာဖြစ်ပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသာကီ၊ ဟိန်းရတု၊ နေထက်လင်း၊ ဟိန်းဇော်ထက်၊ နေခြည်ရွှန်းလက်၊ ယွန်းဝင့်လွှာအောင်၊ လင်းလက်ခွန်ချို၊ စုဒါလီ၊ ကောင်းမြတ်၊ သက်ဦးကို၊ ဟိန်းဇေ၊ ရဲမာန်၊ ကျော်မိုးပိုင်၊ စိုင်းဇေယျာ၊ ကေကေဖြိုး၊ ပန်းအိန္ဒြေထက်၊ မြမျက်ချယ်၊သိင်္ဂီမြင့်နဲ့ အနုပညာရှင်များစွာ ပါဝင်ကြမှာဖြစ်ပါတယ်။
#မင်းသာကီ #ဟိန်းရတု #နေထက်လင်း #ဟိန်းဇော်ထက် #နေခြည်ရွှန်းလက် #ယွန်းဝင့်လွှာအောင် #လင်းလက်ခွန်ချို #MinTharGi #HeinYatu #MyanmarActor
#MiXMAXProduction #သီတလ



