၂၂.၄.၂၀၂၆
Translated by Htwe Ko Tun
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက အမေရိကန်သံတမန်တွေ ကိယက်ဗ်မြို့ကို လာရောက်မှု မပြုကြတာအပေါ် အလွန်အမင်းစိတ်ပျက်မိပါတယ်လို့ ပြောခဲ့ပြီး ဒါက မလေးမစားပြုမူတာလည်း ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ရုရှားနဲ့ ပဋိပက္ခမှာ ယူကရိန်းအဖို့ အထောက်အပံ့ရရှိဖို့ ရုန်းကန်နေရချိန်မှာ ဇယ်လန်စကီးရဲ့ ဒီလို မှတ်ချက်ထွက်ပေါ်လာတာက ယူကရိန်းအနေနဲ့ နိုင်ငံတကာနဲ့ သံတမန်ရေးအရ တည်ရှိမှုကို မြှင့်တင်ဖို့ကြိုးပမ်းမှုရဲ့ အရေးပါချက်ကို မီးမောင်းထိုးပြနေတာလည်းဖြစ်ပါတယ်။
အမေရိကန်အရာရှိတွေ ယူကရိန်းကို လာရောက်လည်ပတ်မှုက ယူကရိန်းအပေါ် အထောက်အပံ့ပေးဖို့ ပေးထားတဲ့ကတိကဝတ်ကို လိုက်နာတယ်ဆိုတာ ပြသပြီး ပြင်ပကျူးကျော်မှုတွေကို ရင်ဆိုင်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ စည်းလုံးညီညွတ်မှုကို အားဖြည့်ပေးရာရောက်မယ်လို့လည်း ဇယ်လန်စကီးက အလေးပေးပြောကြားခဲ့ပါတယ်။ သူက ဒီလိုလာရောက်လည်ပတ်မှုတွေကို အောင်မြင်မှုရစေဖို့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုရှိနေတာလို့ ပြောကြားခဲ့ပြီး ဒါက နိုင်ငံကို ထိခိုက်စေတဲ့ အရေးကြီးတဲ့ ကိစ္စရပ်တွေအပေါ် ဆွေးနွေးမှုကို မြှင့်တင်ပေးတယ်လို့လည်း ညွှန်ပြခဲ့ပါတယ်။
အမေရိကန်သံတမန်တွေ ယူကရိန်းကို လာရောက်လည်ပတ်မှု မရှိတာက ယူကရိန်းအဖို့တော့ အခွင့်အရေးတစ်ရပ်လက်လွတ်ဆုံးရှုံးလိုက်ရတာလို့ မြင်ကြပါတယ်။ ဒီအခွင့်အရေးက ယူကရိန်းကို အမေရိကန်နဲ့ဆက်ဆံရေးကို ပိုမိုခိုင်မာစေဖို့နဲ့ ယူကရိန်းရဲ့ ကာကွယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုတွေအတွက် လိုအပ်တဲ့ အရေးကြီးအကူအညီအစီအစဉ်တွေကို ရယူဖို့အတွက် ဆွေးနွေးနိုင်မယ့်နည်းလမ်းတစ်ခုအဖြစ်လည်း ရှုမြင်ကြပါတယ်။ ဇယ်လန်စကီးက အမေရိကန်အရာရှိတွေ မြေပြင်အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နိုင်ကြဖို့ ယူကရိန်းနိုင်ငံကို လာရောက်လည်ပတ်ကြဖို့ တိုက်တွန်းခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ တိုက်တွန်းခဲ့တာပါ။
နိုင်ငံတကာအသိုင်းအဝိုင်းက ပဋိပက္ခရဲ့ရှုပ်ထွေးမှုတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေရှာဖွေနေချိန်မှာ ဇယ်လန်စကီးရဲ့ ခုလို ယူကရိန်းအစိုးရနဲ့ တိုက်ရိုက်ဆက်သွယ်မှု ပိုမိုပြုလုပ်ဖို့ တောင်းဆိုမှုက ယူကရိန်းအနေနဲ့ မဟာမိတ်တွေထံမှ ရေရှည်အာရုံစိုက်မှုနဲ့ ကတိကဝတ်တွေ လိုအပ်နေမှုကို ပိုလို့ ပေါ်လွင်စေတယ်လို့ဆိုရမှာပါ။ ဒီလို လာရောက်လည်ပတ်မှုတွေကနေ မြှင့်တင်ရမယ့် သံတမန် ဆက်ဆံရေးက ယူကရိန်းရဲ့ ကာကွယ်ရေးမဟာဗျူဟာနဲ့နိုင်ငံတကာပံ့ပိုးမှုရဲ့ အနာဂတ်ကို ပုံဖော်ရာမှာ အလွန် အရေးကြီးပါတယ်။
ဇယ်လန်စကီးရဲ့ မှတ်ချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်အရာရှိတွေက ယူကရိန်းကို ထောက်ပံ့ဖို့ သူတို့ရဲ့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ပေမယ့် အနာဂတ်လည်ပတ်မှုတွေနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း ပြောကြားဖို့ရှိနေပါတယ်။ အခြေအနေတိုးတက်လာတာနဲ့အမျှ သံတမန်ဆက်ဆံထိ တွေ့မှုအင်အားဟာ လက်ရှိပဋိပက္ခကိုဖြေရှင်းဖို့ ကြိုးပမ်းမှုတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်လာမှာ သေချာပါတယ်။
Ref- BanxChange.com
