◾ လက်နက်ချအလင်းဝင်သူများတွင် အသက် ၁၅ နှစ်သာရှိသေးသည့် ကလေးစစ်သားပါ ပါဝင်
နေမိုး
၁၉. ၄. ၂၀၂၆
စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းတိုက်နယ်ကို တာဝန်ယူထားတဲ့ NUG ဩဇာခံ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က စစ်ရေးတာဝန်ခံ (ပလဖ ဒုတာဝန်ခံ) ကျောက်ခဲ ဦးဆောင်တဲ့ ပလဖတစ်ဖွဲ့လုံးဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ တပ်မတော်ထံ လက်နက်ချ အညံ့ခံ အလင်းဝင်လာတယ်လို့ သိရပါတယ်။
NUG ရဲ့ ရဲတပ်ဖွဲ့ဖြစ်ပေမဲ့ တပ်မတော်ကို လက်နက်ကိုင် တိုက်ခိုက်ခဲ့မှုမှာ ပါဝင်တဲ့ မင်းကွန်းပလဖအဖွဲ့တစ်ဖွဲ့လုံး အညံ့ခံလာမှုမှာ သေနတ် ၆ လက်၊ ဗုံးသီးတွေ၊ ကျည်အိမ်တွေနဲ့ ကျည် ၃၀၀၀ ပါဝင်ပြီး စစ်ကိုင်းပြည်သူ့စစ်နာယကဦးဝေပုံနဲ့ ချိတ်ဆက် အလင်းဝင်လာတာလို့လည်း သိရပါတယ်။
ဒီလိုမျိုးအလင်းဝင်လာတဲ့ NUG ဩဇာခံ မင်းကွန်းပလဖတွေကို ပေါက်ကိုယ်တော် ဦးအရိယာဝံသက ဆုငွေ ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။
မင်းကွန်းဒေသဟာလည်း လက်နက်ကိုင်အကြမ်းဖက်မှုတွေ ဆိုးရွားသောင်းကျန်းတဲ့ဒေသဖြစ်ပြီး ဒီလိုအခြေအနေမျိုးမှာ NUG ရဲ့ ပသုံးလုံးအဖွဲ့တွေရဲ့ ပြည်သူအပေါ် အကြမ်းဖက်သတ်ဖြတ်မှုကို ရွံရှာလာတဲ့ မင်းကွန်းပလဖအဖွဲ့ လက်နက်ချအလင်းဝင်လာတာဟာ ဒေသတည်ငြိမ်ဖို့အတွက် အခွင့်အလမ်းကောင်းဖြစ်တယ်လို့ မင်းကွန်းဒေသခံတွေ ရှုမြင်နေကြသလို PDF တွေ ခိုလှုံပုန်းအောင်းလှုပ်ရှားရာနေရာကို အသေးစိတ်သိထားတဲ့ ဒီလိုအဖွဲ့က တပ်မတော်နဲ့ပူးပေါင်းသွားတာကြောင့် PDF တွေဘက်ခြမ်းမှာ သွေးပျက်ပြီး တပ်စခန်းပြောင်းရွှေ့မှုတွေ လုပ်ဆောင်နေကြတယ်လို့လည်း သိရပါတယ်။
