၁၀.၄.၂၀၂၆
Written By Thandar
နာမည်ကြီးအနုပညာရှင်ပေါင်းများစွာ ပါဝင်မယ့် AQUA INYA Thingyan Music Festival 2026 ကို လာမယ့် ဧပြီ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ရန်ကုန်မြို့ မရန်းကုန်းမြို့နယ် Garden Area ရှိ Yangon Social မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
“ကျွန်တော်တို့ရဲ့ မြန်မာနှစ်သစ်ကူး အတာသင်္ကြန်အတွက် ပျော်ရွှင်စရာကောင်းတဲ့ AQUA INYA Thingyan Music Festival 2026 အနေနဲ့ ၃ ကြိမ်မြောက်အဖြစ်နဲ့ ကျင်းပတာပါ။ ဒီနှစ်မှာတော့ ငယ်ဘဝ Legendary အဆိုတော်ကြီးတွေဖြစ်တဲ့ ကိုဇော်ဝင်းထွဋ်ကနေပြီးတော့ အခုခေတ်ရဲ့ ထိပ်တန်း Artist တွေအထိကို သေချာလေးပြင်ဆင်ပြီးတော့ သင်္ကြန်မှာ ထူးခြားတဲ့ Vibe လေးရအောင်လုပ်ထားပါတယ်။ ဒီပွဲမှာ လက်မှတ်ဝယ်ယူထားသူတွေအနေနဲ့ ဗိုက်ဆာလာရင်လည်း Yangon Social ရဲ့ အစားအသောက်တွေအပြင် သင်္ကြန်ရဲ့ အနှစ်သာရဖြစ်တဲ့ စတုဒီသာကျွေးမယ့် အစီအစဉ်တွေပါပါတယ်”လို့ အဆိုပါပွဲ တာဝန်ရှိသူ Bo Bo Film Production က ကိုဘိုစန်းက ပြောပါတယ်။
အဆိုပါ ဖျော်ဖြေပွဲမှာတော့ ဇော်ဝင်းထွဋ်၊ ရင်ဂို၊ မျိုးကျော့မြိုင်၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဟဲလေး၊ Snare၊ လွှမ်းပိုင်၊ G Fatt၊ နေမင်းအိမ်၊ ဝိုင်းစုခိုင်သိန်း၊ စန္ဒီမြင့်လွင်၊ အိမ့်ချစ်၊ မေ၊ အေးချမ်းမောင်၊ သင်ဇာဝင့်ကျော်တို့က သတ်မှတ်ထားတဲ့ နေ့အလိုက် ပါဝင်သီဆိုဖျော်ဖြေကြမှာဖြစ်ပါတယ်။
ဒါ့အပြင် AQUA INYA ပွဲကို မိသားစုနဲ့ ကလေးတွေအတွက်ပါ ရေဆော့ကစားစရာ ရေကူးကန်တွေ၊ Foam Party တွေပါ စီစဉ်ပေးထားပြီး တခြား Activities တွေ အများကြီးပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီပွဲလက်မှတ်တွေကို လက်မှတ်တွေကိုတော့ AQUA Inya Page နဲ့ Hotline: 09 255 617 775, 09 255 617 788 တို့က ဝယ်ယူနိုင်တယ်လို့သိရပါတယ်။
“ဒီနှစ်သင်္ကြန်ကို ဒီးဒီက ရန်ကုန်မှကျင်းပမယ့် AQUA Inya မှာရှိမှာ သီချင်းတွေအများကြီး သီဆိုမှာပါ။ သီချင်းတွေ Performance တွေလုပ်ပြီး ပရိသတ်တွေနဲ့ ဘယ်လိုဆော့သွားမလဲ ဆိုတာသိချင်ရင်တော့ အကြတ်နေ့လာဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အကြတ်နေ့ ညကိုလာဖို့ ဒီးဒီကရှိမှာပါ။ လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်”လို့ အဆိုတော် စန္ဒီမြင့်လွင်က ပြောပါတယ်။
