၁၀.၄.၂၀၂၆
Written By Thandar
ဂီတလမ်းကြောင်းပေါ်မှာ နှုတ်ခမ်းနီမလေးတွေအပြင် ကြီးကြီးငယ်ငယ်မမတွေ ကြိုက်နှစ်သက် အားပေးခဲ့ကြတဲ့ အဆိုတော် သရုပ်ဆောင် အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ယနေ့ ဧပြီလ ၁၀ ရက်မှာကျင်းပမယ့် Sai Sai Birthday Show 2026 ပွဲကြီးကို ရန်ကုန်မြို့ Thuwana Event Park မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပမှာ ဖြစ်ပါတယ်။
“ကြီးမြတ်တဲ့လောကြီးကို မင်္ဂလာပါ။ ဒီနေ့ကတော့ ကျွန်တော်မွေးနေ့မှာ Birthday Girl တစ်ယောက် ရွေးချယ်မှာဖြစ်ပါတယ်။ ဒီနေ့ Birthday Girl လေးတစ်ယောက် စင်ပါ်မှာဖိတ်ခေါ်ဖို့ရှိတာမို့ Birthday Girl အဖြစ် ပါဝင်ဖို့ဆန္ဒရှိတဲ့ ညီမလေးတွေအနေနဲ့ Instagram မှာ ဒီနေ့အဝတ်အစားအပြင်အဆင်နဲ့ #BirthdayGirl2026 ကို Hashtag တွဲတင်ပြီးပေးပါ။ ဒီလို့ Hashtag ထဲက Random ရွေးပြီး Instagram ကပဲ ကျွန်တော်ဆက်သွယ်ပါမယ်။ ရွေးချယ်ခံရတဲ့ Lucky Girl လေးကတော့ ဒီနေ့ပွဲလာပရိသတ်တွေထဲက ကိုယ်စားပြုမှာဖြစ်ပါတယ်။ Birthday Girl တွေကို ပွဲမစခင် LED မှာ ဖော်ပြပေးမှာပါ။ ဒီနေ့ ညနေ ၇ နာရီ နောက်ဆုံးထားတင်လို့ရပါတယ် ”လို့ အဆိုတော် စိုင်းစိုင်ခမ်းလှိုင်က ပရိသတ်သိအောင်ပြောလာပါတယ်။
အဆိုပါ Sai Sai Birthday Show ကို ယနေ့ ညနေ ၄ နာရီခွဲကနေ ည ၁၁ နာရီအထိ ရန်ကုန်မြို့ရှိ Thuwana Event Park မှာ နာမည်ကြီး အနုပညာရှင် အဆိုတော်တွေနဲ့အတူ သီဆိုပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပမှာ ဖြစ်ပါတယ်။
“ဧပြီ ၁ ရက်နေ့ဟာ ကျွန်တော့်ဘဝရဲ့ အဓိကရက်စွဲတွေထဲက တစ်ရက်ပါ။ ဘာလိုဆိုတော့ ဧပြီ ၁ ရက်မှာ ကျွန်တော်အဆိုတော် ဘဝအတွက် အရေးပါတဲ့ Album တွေ ဖြန့်ချိခဲ့တဲ့ နေ့ဖြစ်လို့ပါ။ အရင်နှစ်တွေက ထွက်တဲ့ အခါမှာလည်း အမြဲလိုလို Fan Meeting ပါ တွဲလုပ်ခဲ့တာဆိုတော့ ပရိသတ်တွေ တဝုန်းဝုန်း တရုန်းရုန်းနဲ့ အင်မတန်မှကို ပျော်စရာနေ့ရက်လေးတစ်ခုပေါ့။ ဒီနေ့ရက်ရောက်တိုင်း Memories တွေပြန်တက် ဓာတ်ပုံတွေပြန် ကြည့်နဲ့ လွမ်းစရာလေးတွေလည်းဖြစ်ပေါ့။ ဒီနှစ် ဧပြီ ၁ ရက်မှာလည်း အခွေထွက်မယ်လို့ အားခဲထားပေမယ့် ကိုယ့်ဟာကိုယ် နှေးကွေး အားမရနေတာနဲ့ နည်းနည်းလေး စိတ်လျှော့ထားလိုက်ရပါတယ်။ သူငယ်ချင်းများစွာ စိုင်းစိုင်းဟုခေါ်သည်နဲ့ SaiSai Live in Yangon အခွေတွေထွက်ခဲ့တဲ့ July လ ရောက်တော့မှပဲ အခွေသစ်လည်း ထွက်ရင်း အရင်လို Fan Meeting လေး ပြန်စီစဉ်ဖို ရည်မှန်းပါတယ်”လို့ သူကဆက်ပြောပါတယ်။
စိုင်းစိုင်းခမ်းလှိုင်က ဧပြီ ၁ ရက်နေ့အမှတ်တရအနေနဲ့ ၂၀၀၇ ခုနှစ် ဧပြီ ၁ ရက်က Happy SaiSai Birthday ၊ ၂၀၀၉ ခုနှစ် ဧပြီ ၁ ရက်က Ever Golli ၊ ၂၀၁၀ ဧပြီ ၁ ရက်က Ever Golli DVD၊ ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်က SaiSai is SaiSai၊ ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်က ငါ့ရည်းစားပိုမိုက်တယ် Album တွေ ထွက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ၁၀ ခွေမြောက် ထွက်ရှိမယ့် “မူလလက်ဟောင်း” တေးအယ်လ်ဘမ်ကို ၂၀၂၀ ထဲက ထွက်ရှိဖို့ ပြင်ဆင်ခဲ့ပေမယ့် လက်ရှိ ၂၀၂၆ ခုနှစ်အထိ ထွက်ရှိလာခြင်းမရှိသေးတာဘဲ ဖြစ်နေတာလည်းပါတယ်။
#SaiSai #စိုင်းစိုင်းခမ်းလှိုင် #SaiSaiKhamLeng #BirthdayShow #SaiSaiBirthdayShow2026 #FrenzoProduction #SAISAI #MyanmarSinger #SAISAILIVEinYANGON









