MT News
၁၀. ၄. ၂၀၂၆
ဦးစိုးဝင်းက ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ကြေညာချက်အမှတ် ၄ /၂၀၂၆ ဖြင့် ယနေ့ ဧပြီ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာသည်။
အဆိုပါ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ပြည်ထောင်စု၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများ၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာများ၊ ငြိမ်းချမ်းရေးဆိုင်ရာများ၊ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာများကို အကြံပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းတို့ ပြုနိုင်ရန်အတွက် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေ ပုဒ်မ ၄၊ ပုဒ်မ ၅ နှင့် ပုဒ်မ ၆ တို့အရ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဥက္ကဋ္ဌအဖြစ် ဦးစိုးဝင်း၊ အတွင်းရေးမှူးအဖြစ် ဦးမောင်မောင်အေးက တာဝန်ယူကာ ကောင်စီဝင်များအဖြစ် ဦးသန်းဆွေ၊ ဦးကိုကိုလှိုင်၊ ဦးမိုးအောင်၊ ဒေါက်တာရင်ရင်နွယ်၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးကိုကိုကြီး၊ မန်းငြိမ်းမောင်၊ ဒေါ်ဒွဲဘူ၊ ဦးဇော်အေးမောင်တို့ပါဝင်သည်။
