သတိုး
၁၀. ၄. ၂၀၂၆
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဥက္ကဋ္ဌအဖြစ်ဦးဆောင်သည့် ဘဏ္ဍာရေးကော်မရှင်ကို အဖွဲ့ဝင် ၂၁ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ကြေညာချက်အမှတ် ၃/၂၀၂၆ ဖြင့် ယနေ့ဖွဲ့စည်းလိုက်သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဥက္ကဋ္ဌအဖြစ်ဦးဆောင်သည့် ဘဏ္ဍာရေးကော်မရှင်ကို ဖွဲစည်းပုံအခြေခံဥပဒေပုဒ်မ ၂၂၉၊ ပုဒ်မခွဲ (က) နှင့် ပြည်ထောင်စုအစိုးရအဖွဲဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (က) နှင့် (ခ) တို့အရ ဖွဲစည်းခဲ့ခြင်းဖြစ်ပြီး ဒုတိယဥက္ကဋ္ဌများအဖြစ် ဒုတိယသမ္မတများဖြစ်သော ဦးညိုစော၊ ဒေါ်နန်းနီနီအေးတို့မှ တာဝန်ယူသွားကြမည်ဖြစ်သည်။
အဖွဲ့ဝင်များအဖြစ် ဒေါက်တာသီတာဦး၊ ဒေါ်နိုင်သက်ဦး၊ ဦးခက်ထိန်နန်၊ ဦးအံ့မော်၊ ဦးစောမြင့်ဦး၊ ဒေါက်တာ ဝုန်ဆွန်းထန်၊ ဦးကိုလေး၊ ဦးဇော်နိုင်ဦး၊ ဦးမျိုးဆွေဝင်း၊ ဦးတင်ကိုကို၊ ဦးမျိုးအောင်၊ ဦးအောင်ဝင်းသန်း၊ ဦးနိုင်ဦး၊ ဦးအောင်နိုင်သူ၊ ဦးစိုင်းထိန်စိုး၊ ဦးအေးကျော်၊ ဦးကံမြင့်သန်းတို့ ပါဝင်ကာ အတွင်းရေးမှူးအဖြစ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က တာဝန်ယူသွားမည်ဖြစ်သည်။


