၁၀. ၄. ၂၀၂၆
Written by Nyein Kyaw
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များအဖြစ် ရွေးချယ်တင်မြှောက်ခံရသူများက ယနေ့ ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမနေ့ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေး၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြသည်။
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များအဖြစ် ရွေးချယ်တင်မြှောက်ခံရသူများ ကတိသစ္စာပြုခြင်း အစဉ်လိုက် ပြုလုပ်ခဲ့ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားသူကြီးများဖြစ်ကြသည့် ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး၊ ဒေါက်တာကိုကိုနိုင်၊ ဦးဝင်းမြင့်၊ ဒေါ်စိုးခက်ခက်၊ ဒေါ်သင်းသင်းချိုတို့က အစဉ်လိုက်နေရာယူကြသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးအောင်ကျော်ဟိုး၊ ဦးတင်အောင်စန်း၊ ဦးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြတ်၊ ဦးသန်းမောင်၊ ဒေါက်တာသီတာဦး၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာမျိုးသိမ်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာသက်သက်ဇင်၊ ဦးထိန်လင်း၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဦးမျိုးဇော်သိန်း၊ ဦးဆန်းဦး၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ ဦးမြင့်ကြိုင်၊ ဦးခင်မောင်စိုး၊ ဦးထွန်းအုံ၊ ဦးရဲမြင့်ထွန်း၊ ဒေါက်တာမောင်သင်း၊ ဦးမျိုးသန့်၊ ဒေါက်တာစိုးဝင်း၊ ဦးမောင်မြင့်တို့က အစဉ်လိုက်နေရာယူကြသည်။
ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံခြေခံဥပဒေဆိုင်ရာခုံးရုံး ဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးမျိုးတင့်၊ ဦးကျော်စန်း၊ ဦးတူးမော်၊ ဒေါ်စုစုဝင်း၊ ဒေါ်ဥမ္မာအေး၊ ဦးတင့်ဝေ၊ ဒေါက်တာမာလာမော်တို့က အစဉ်လိုက်နေရာယူကြသည်။ ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး အပါအဝင် အဖွဲ့ဝင် ၁၅ ဦးတို့က ပြည်ထောင်စုလွှတ်တော် အစဉ်လိုက်နေရာယူကြသည်။
ဆက်လက်၍ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးနှင့် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဇော်မြင့်နိုင်၊ ဦးသက်ထွန်းအောင်နှင့် ဒေါက်တာစန္ဒာဦးတို့က ပြည်ထောင်စုလွှတ်တော် အစဉ်လိုက်နေရာယူကြသည်။
အလားတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးကျော်ဝင်းသိန်း၊ ဒုတိယရဲဗိုလ်ချုပ်ကြီးရဲဇော်မိုး၊ ဒေါက်တာထွန်းထွန်းဦး၊ ဦးလွန်းပေါ်၊ ဦးကျော်စိုးညွှန့်၊ ဦးတိုးရီ၊ ဦးတင်အောင်ဝင်း၊ ဦးမင်းဟန်တို့က အစဉ်လိုက်နေရာယူကြသည်။
ယင်းကဲ့သို့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များအဖြစ် ရွေးချယ်တင်မြှောက်ခံရသူများက ပြည်ထောင်စုလွှတ်တော် နာယကရှေ့မှောက်၌ နေရာယူကြပြီးနောက် ကတိသစ္စာပြုခဲ့ကြခြင်းသည်။



