သက်တံ့
၇. ၄. ၂၀၂၆
ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နေရာအတွက် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ရှိဝန်ကြီးချုပ် ဦးစောမြင့်ဦးကို အဆိုပြုတင်ပြပြီးနောက် ယနေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့အတွက် ဝန်ကြီးများနှင့် အစိုးရအဖွဲ့ဝင် အမည်စာရင်းများ ဆက်လက် အဆိုပြုတင်ပြခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် လွှတ်တော်သို့ အဆိုပြုတင်ပြလာသည့် ကရင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများနှင့် အစိုးရအဖွဲ့ဝင်များမှာ ဗိုလ်မှူးကြီးစိုးမိုးဝင်း (လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန)၊ ဦးညီညီဇော် (စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန)၊ ဦးစောထွန်းအောင် (လူမှုရေးရာဝန်ကြီးဌာန)၊ ဦးစောမျိုးမြင့် (လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက် သွယ်ရေး ဝန်ကြီးဌာန)၊ ဦးအောင်လွင် (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)၊ ဦးစယဉ်ဌေး (သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန)၊ ဦးစောခေါင်ပန်ထော့ (စည်ပင်သာယာရေးဝန်ကြီးဌာန)၊ ဦးတင်မောင်လှိုင် (ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး)၊ ဦးမျိုးမြင့်နိုင် (မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး)၊ ဦးခွန်မြတ်ထူး (ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး)၊ ဒေါ်နော်သန်းသန်းငြိမ်း (ပြည်နယ်ဥပဒေချုပ်)၊ ဦးအောင်စိုး (ပြည်နယ်စာရင်းစစ်ချုပ်)၊ ဦးညွန့်လင်း (ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်) တို့အပြင် ဒေါ်ခင်စိမ်းဝင်း ပြည်နယ်တရားလွှတ်တော်တရားသူကြီး၊ ဒေါ်နွဲ့နွဲ့ဦး (ပြည်နယ်တရားလွှတ်တော်တရားသူကြီး) တို့၏ အမည်ကိုပါ တင်ပြခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်မူ ဦးစောမြင့်ဦးကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်းနှင့် ကျန်အစိုးရအဖွဲ့ဝင်များခန့်အပ်မှုကို ကရင်ပြည်နယ်လွှတ်တော်က လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျခန့်အပ်အတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
