၃.၄.၂၀၂၆
Translated by Htwe Ko Tun
အီရန်စစ်တပ်က စစ်ပွဲအတွင်း အမေရိကန်ရဲ့ ဒုတိယမြောက် F-35 တိုက်လေယာဉ်တစ်စင်းကို ပစ်ချခဲ့တယ်လို့ ဧပြီလ ၃ ရက်မှာ ပြောဆိုခဲ့တယ်လို့ Mehr သတင်းဌာနကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အီရန်နဲ့ အမေရိကန်-အစ္စရေးစစ်ပွဲက ဧပြီလ ၃ ရက်မှာ ငါးပတ်ပြည့်ပြီး ခြောက်ပတ်မြောက်သို့ ဝင်ရောက်တော့မည်ဖြစ်သလို ဒီပစ်ခတ်မှုကြောင့် လေယာဉ်မှူး အသက်ရှင်ကျန်ရစ်ရန် မဖြစ်နိုင်လို့ အီရန်ဘက်က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် အမေရိကန်ဗဟိုစစ်တိုင်းဌာနချုပ်ကတော့ ထိုသတင်းကို အတည်မပြုသေးပါဘူး။
စစ်ဆင်ရေး Epic Fury ကို ပံ့ပိုးကူညီရေးအတွက် မတ်လ ၂ ရက် အစောပိုင်းက ကူဝိတ်နိုင်ငံအပေါ် ဖြတ်သန်းပျံသန်းနေတဲ့ အမေရိကန် F-15E Strike Eagles လေယာဉ်သုံးစင်းမှာလည်း မှားယွင်းပစ်ခတ်မှုကြောင့် ပစ်ချခံခဲ့ရတယ်လို့ အမေရိကန်စစ်ဘက်က အတည်ပြုခဲ့ပါသေးတယ်။
ဒါ့ပြင် ဆော်ဒီအာရေဗျရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းကိုလည်း အီရန်ကတိုက်ခိုက်ခဲ့တာမှာ အမေရိကန်လေတပ်က တန်ဖိုးမြင့် ထောက်လှမ်းရေးလေယာဉ်တစ်စင်း ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
Ref-The Economic Times
