နေမိုး
၂.၄. ၂၀၂၆
ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA နယ်မြေလုထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ သံတွဲမြို့က ငပလီကမ်းခြေအနီးတစ်ဝိုက်ကို တပ်မတော်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုမှာ ကျိန္တလီနဲ့ ကျောက်တော်က မိသားစုတွေ သေကုန်တယ်လို့ AA က ဝန်ခံလာပါတယ်။
၂၀၂၆ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့၊ နေ့လယ် (၁၁) နာရီ (၁၁) မိနစ်မှ (၁၁) နာရီ (၄၅) မိနစ်အချိန်ထိ သံတွဲမြို့နယ်ကို ဂျက်ဖိုက်တာ (၄) စီးနဲ့ လေကြောင်းက ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သလို ပင်လယ်ပြင်မှာ တပ်စွဲထားတဲ့ စစ်သင်္ဘောတစ်စီးကလည်း လက်နက်ကြီးအချို့ကိုပါ တစ်ချိန်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ဒီပစ်ခတ်မှုဟာ AA လက်နက်ကိုင်တွေ အခြေစိုက်နေတဲ့ ငပလီကမ်းခြေနဲ့ ခလရ (၅၅) စခန်းဟောင်းအနီးဝန်းကျင် ကျရောက်ပေါက်ကွဲခဲ့ပြီး လေးဦးသေတဲ့အပြင် သုံးဦးဒဏ်ရာရသွားပါတယ်။
တပ်မတော်ဟာ AA အပါအဝင် နယ်မြေလုထားတဲ့ အကြမ်းဖက်လက်နက်ကိုင်တွေကို လက်တုံ့ပြန်တိုက်ခိုက်တော့မယ်လို့ တရားဝင်ထုတ်ပြန်ပြီးချိန်မှာ ဒီလိုအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ယှဉ်တွဲမနေဖို့ စဉ်ဆက်မပြတ် အသိပေးကြေညာခဲ့လို့ ပြည်သူအများစုဟာ မြို့ရွာတွေကို စွန့်ခွာနေချိန်မှာ AA လက်နက်ကိုင်တွေရဲ့ မိသားစုဝင်တွေက ပြည်သူစွန့်ခွာသွားတဲ့အိုးအိမ်တွေမှာ ဝင်ရောက်နေထိုင်နေကြပြီး လေကြောင်းတိုက်ခိုက်ခံရချိန်တိုင်းမှာ ပြည်သူကိုတိုက်ခိုက်နေတာပါလို့ ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA က လိမ်လည်ထုတ်ပြန်လျက်ရှိနေပါတယ်။
လက်ရှိမှာလည်း သေကြေဒဏ်ရာရသူတွေဟာ AA လက်နက်ကိုင်တွေရဲ့ မိသားစုဝင်တွေဖြစ်လို့ သံတွဲကို ဗုံးကြဲချိန်မှာ ကျိန္တလီနဲ့ ကျောက်တော်က အကြမ်းဖက်လက်နက်ကိုင်မိသားစုဝင် ခြောက်ဦး သေဆုံးဒဏ်ရာရကုန်တာဖြစ်ပြီး ဒဏ်ရာရခဲ့သူတစ်ဦးကတော့ သံတွဲဌာနေဖြစ်တယ်လို့ သိရပါတယ်။
