MT News
၃၁. ၃. ၂၀၂၆
မနက်ဖြန် ဧပြီ ၁ ရက်မှ စတင်၍ လျှပ်စစ်သုံးယာဥ် EV ယာဥ်များအားလုံး လမ်းတံတား အသုံးပြုခ ကောက်ခံမည်ဖြစ်ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က ယနေ့ အသိပေးသည်။
လျှပ်စစ်သုံးယာဉ်များ၊ လျှပ်စစ်သုံးယာဉ်များ၏ အပိုဆက်စပ်ပစ္စည်းများနှင့် စပ်လျဉ်း၍ လမ်းအသုံးပြုခကင်းလွတ်ခွင့်ပြုသည့် ကာလသည် ယနေ့ မတ်လ ၃၁ ရက်တွင် ကုန်ဆုံးမည့်ဖြစ်သည်။
ထို့ကြောင့် လမ်းဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို ဖြတ်သန်းအသုံးပြုပါက အမြန်လမ်းအသုံးပြုခ ကောက်ခံနှုန်းထားများအတိုင်းနှင့် အခြားလမ်းအပိုင်းများတွင် ဖြတ်သန်းအသုံးပြုပါက ယာဉ်အမျိုးအစား(၂၂)မျိုးအတိုင်း ကောက်ခံမည့်နှုန်းဖြင့် အကျုံးဝင်သည့်ယာဉ်များ၏ ကောက်ခံနှုန်းထားအတိုင်း မနက်ဖြန် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်သစ် ဧပြီ ၁ ရက်နေ့မှစတင်၍ လမ်း- တံတားအသုံးပြုခ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
