၂၅. ၃. ၂၀၂၆
Written by Nyein Kyaw
ပြည်တွင်းခရီးစဉ်များအားလုံးကိုလည်း ယနေ့မှစတင်၍ မူလပုံမှန်အတိုင်း ပြန်လည်ပြေးသန်းပျံဆွဲပေးသွားမည်ဖြစ်ကြောင်းနှင့် မကြာသေးမီအချိန်ကာလအတွင်း ကန့်သတ်ထားသော နိုင်ငံတကာခရီးစဉ်များအတွက် ခရီးဆောင်အိတ်သယ်ယူခွင့်များကို မတ်လ ၂၆ ရက် (မနက်ဖြန်) မှ စတင်၍ ယခင်မူလအတိုင်းပြန်လည်သယ်ဆောင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)မှ အသိပေးထုတ်ပြန်ထားသည်။
MAI မှ ပြေးဆွဲနေသည့် နိုင်ငံတကာခရီးစဉ်များအတွက် ခရီးဆောင်အိတ်သယ်ဆောင်ခွင့်များမှာ Economy Class အတွက် 30KG အထိ၊ Business Class အတွက် 40KG အထိ ပြန်လည်သယ်ဆောင်နိုင်ပြီဖြစ်သည်။
ထို့အတူ 𝐒𝐤𝐲 𝐒𝐦𝐢𝐥𝐞 (𝐑𝐮𝐛𝐲 & 𝐃𝐢𝐚𝐦𝐨𝐧𝐝) အဖွဲ့ဝင်များအနေဖြင့်လည်း အပိုခရီးဆောင်အိတ်သယ်ယူခွင့်များကို မူလအကျိုးခံစားခွင့်များအတိုင်း ပြန်လည်၍ပေးအပ်သွားမည်ဖြစ်သည်။
ထို့အပြင် MAI မှ Operational အခြေအနေများကြောင့် ယခင်ကရပ်နားခဲ့ရသော ပြည်တွင်းခရီးစဉ်များအားလုံးကိုလည်း မူလပုံမှန်အတိုင်း ပြန်လည်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
၂၀၂၆၊ မတ်လ ၂၂ ရက် မှ ၂၅ ရက်အတွင်း အသစ်ပြောင်းလဲသတ်မှတ်လိုက်သော ခရီးဆောင်အိတ်သယ်ယူခွင့် ယာယီကန့်သတ်ချက်များကြောင့် KG ဆုံးရှုံးနစ်နာခဲ့ရသည့်ခရီးသည်များကို MAI မှ ခရီးဆောင်အိတ်သယ်ဆောင်ခွင့်အလေးချိန် 10KG နှင့် တန်ဖိုးညီမျှသည့် Travel Voucher တစ်စောင်ကိုလည်း ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Travel Voucher ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိသာ အသုံးပြုနိုင်မည်ဖြစ်ပြီး အခြားသူအားလွှဲပြောင်းခြင်း သို့မဟုတ် Refund ပြန်လည်ထုတ်ယူခြင်းများပြုလုပ်၍ ရနိုင်မည်မဟုတ်ကြောင်း သိရသည်။

