၂၅. ၃. ၂၀၂၆
Written by Nyein Kyaw
ခရီးဝေးသွားလာသည့် မော်တော်ယာဉ်များ အဆင်ပြေစေရန် ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များနှင့် EV Charging Station တည်နေရာများအား အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။
ခရီးဝေးသွားလာသည့် ကိုယ်ပိုင်ယာဉ်များ အဝေးပြေးလမ်းမကြီးများရှိ ဆီဆိုင်များနှင့် အခြားခရီးဝေး (မိုင် ၁၀၀ အထက်) မြို့များရှိ ဆီဆိုင်များတွင် QR Scan ထပ်ဖတ်ရန်မလိုဘဲ ယင်းရက်အတွက် ဆီဝယ်ယူထားသည့် ငွေရှင်းပြေစာပြသ၍ ထပ်မံဝယ်ယူနိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ မတ်လ ၁၅ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
ထို့နောက် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့အနေဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များနှင့် EV Charging Station တည်နေရာများအား အများပြည်သူ လွယ်လင့်တကူသိရှိစေရန် တည်နေရာနှင့် ဆိုင်နာမည်၊ ကုမ္ပဏီနာမည်များကို ပူးတွဲထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။
ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် တည်နေရာများမှာ ရန်ကုန်မှ မန္တလေးသို့ အသွားခရီးအတွင်း ဇီးရိုး (၀)မိုင်တွင် PT Power စက်သုံဆီဆိုင်၊ ၃၉ မိုင် ၄ ဖာလုံတွင် နီလာရိုးမ စက်သုံးဆီဆိုင်၊ ၁၁၅ မိုင် ၁ ဖာလုံတွင် Denko စက်သုံးဆီဆိုင်နှင့် Max စက်သုံးဆီဆိုင်(ပြုပြင်ဆဲ)၊ ၁၃၈ မိုင် ၁ ဖာလုံတွင် BOC စက်သုံးဆီဆိုင်၊ ၁၄၆ မိုင် ၄ ဖာလုံတွင် နီလာရိုးမစက်သုံးဆီဆိုင် (ပြုပြင်ဆဲ)၊ ၂ဝဝ မိုင်တွင် Regency စက်သုံးဆီဆိုင်၊ ၂၆၂ မိုင် ၁ ဖာလုံတွင် ရာဇာ စက်သုံးဆီဆိုင်နှင့် မွန်းဆန်းစက်သုံးဆီဆိုင်၊ ၂၈၄ မိုင် ၄ ဖာလုံတွင် Max စက်သုံးဆီဆိုင်နှင့် Denko စက်သုံးဆီဆိုင်၊ ၃၅၂ မိုင် ၃ ဖာလုံတွင် AKO စက်သုံးဆီဆိုင်တို့ ဖြစ်သည်။
မန္တလေးမှ ရန်ကုန်သို့ အပြန်ခရီးစဉ်အတွင်း ၃၅၈ မိုင် ၆ ဖာလုံတွင် Denko စက်သုံးဆီဆိုင်၊ ၃၅၇ မိုင်တွင် Max စက်သုံးဆီဆိုင်နှင့် Boc စက်သုံးဆီဆိုင်၊ ၃၂၅ မိုင်တွင် ဖြိုးမောက် (၁) စက်သုံးဆီဆိုင်၊ ဖြိုးမောက် (၂) စက်သုံးဆီဆိုင်၊ ရွှေလွင်ပြင် စက်သုံးဆီဆိုင်နှင့် အောင်မိသားစု စက်သုံးဆီဆိုင်၊ ၂၈၄ မိုင် ၄ ဖာလုံတွင် Regency စက်သုံးဆီဆိုင်၊ ၂၈၄ မိုင် ၅ ဖာလုံတွင် BOC စက်သုံးဆီဆိုင်၊ ၂ဝဝ မိုင်တွင် ZTH စက်သုံးဆီဆိုင်၊ ၁၃၈ မိုင် ၁ ဖာလုံတွင် PT Power စက်သုံးဆီဆိုင်၊ ၁၀၇ မိုင် ၅ ဖာလုံတွင် Max စက်သုံးဆီဆိုင်၊ ၈၃ မိုင် ၃ ဖာလုံတွင် Golden Star (ပြုပြင်ဆဲ)တို့ ဖြစ်သည်။

ထို့အတူ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်ရှိ EV Charging Station တည်နေရာများမှာ ရန်ကုန်မှ မန္တလေးသို့ အသွားခရီးစဉ်အတွင်း ၁ မိုင်တွင် Earth Renewable Energy၊ ၃၉ မိုင် ၄ ဖာလုံတွင် Qingdao CRRC Sifang Rolling Stock၊ Yar Zar Min Industry (တည်ဆောက်ဆဲ)၊ ၁၁၅ မိုင် ၁ ဖာလုံတွင် Earth Renewable Energy၊ Yar Zar Min Industry (တည်ဆောက်ဆဲ)၊ NPK Motors Co.,Ltd (တည်ဆောက်ဆဲ)၊ ၂ဝ၁ မိုင်တွင် Earth Renewable Energy၊ ၂၈၄ မိုင် ၄ ဖာလုံတွင် Myanmar Brilliance Auto၊ ၃၅၂ မိုင် ၃ ဖာလုံတွင် Myanmar Brilliance Auto နှင့် Yar Zar Min Industry (တည်ဆောက်ဆဲ)တို့ ဖြစ်သည်။
မန္တလေးမှ ရန်ကုန်သို့ အပြန်ခရီးစဉ်အတွင်း ၂၈၄ မိုင် ၄ ဖာလုံတွင် Yar Zar Min Industry (တည်ဆောက်ဆဲ)၊ ၂ဝ၁ မိုင်တွင် ZTH စက်သုံးဆီဆိုင် Tharaphu Soe Myint Co.,Ltd (တည်ဆောက်ဆဲ)၊ Mandalar Minn Trading & Transportation၊ YarZar Min Industry (တည်ဆောက်ဆဲ)တို့ ဖြစ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ အသိပေးကြေညာထားသည်။
