၂၄.၃.၂၀၂၆
Written By Thandar
ခတ္တိယရုပ်ရှင်ထုတ်လုပ်ရေးက မိသားစု ဒရာမာဇာတ်လမ်းပုံစံ “သိုးမည်း” ရုပ်ရှင်ဇာတ်ကားကြီး Media Show ပွဲအခမ်းအနားကို မတ်လ ၂၃ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ နဝဒေးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဖွေးရဲ့ ဇာတ်ကားတွေလည်း ရုံမတင်တာကြာပြီလေ။ ဒီနေ့ သိုးမည်းဇာတ်ကားရဲ့ မိတ်ဆက်လေးတက်ဖြစ်တာပါ။ ဒီကားကတော့ သိုးမည်းလေးတွေအတွက် ရည်ရွယ်ရိုက်ခဲ့တဲ့ကားပါ။ အဓိက ပြောရမယ်ဆိုရင် ဖွေးဖေဖေအတွက်ပေါ့။ ဖွေး ဖေဖေ့အတွက် ရည်ရွယ်ရိုက်ခဲ့တာပါ။ ဖွေးရိုက်ရင်းနဲ့ ဖွေး ဖေဖေအတွက် ခံစားချက်တွေ Healing ဖြစ်သွားတဲ့ကားပါ။ ဖွေးတို့ရဲ့ သိုးမည်းကားက မိသားစုဒရာမာဇာတ်လမ်းလေးမို့ မိဘရှိသူတွေဖြစ်ဖြစ် မရှိတဲ့သူပဲဖြစ်ဖြစ် လာရောက်ကြည့်ရှုကြည့်ပါလို့ ပြောချင်ပါတယ်”လို့ အကယ်ဒမီ ဖွေးဖွေးက ပြောပါတယ်။




အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း လဲ့ရည်နိုင်၊ DOP ဝေယံ( PBE)၊ Assistant Director ကောင်းသော်၊ ဒါရိုက်တာ အောင်မြတ်က မိသားစု ဒရာမာဇာတ်လမ်းပုံစံ အကောင်းဆုံး ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေး၊ ထပ်ဆင့်အကယ်ဒမီ လွင်မိုး၊ လင်းဇာနည်ဇော်၊ အောင်ရေချမ်း၊ နေထွဋ်၊ သံသာညီ၊ မြတ်ရတနာကျော်၊ ဝိုင်းရွှေရည်၊ စည်သူရဲထွဋ် စတဲ့သူတွေ ပါဝင်ထားကြပါတယ်။
“သိုးမည်း ”ရုပ်ရှင်ဇာတ်ကားကြီးကို မတ်လ ၂၇ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးက အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
#ဖွေးဖွေး #လွင်မိုး #PhwayPhway #LwinMoe #directoraungmyat #FamilyDrama #ခတ္တိယရုပ်ရှင်ထုတ်လုပ်ရေး #Aungyaychan #NayHtut #Linzarnizaw #Thantharnyi #wyneshweyee #myatyadanarkyaw #Sithuyehtut #သိုးမည်းရုပ်ရှင်ဇာတ်ကားကြီး #ThatOneChild






