
၂၃.၃.၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ခြင်း ဝေဒနာခံစားခဲ့ရသဖြင့် မတ်လ ၂၀ ရက်နေ့တွင် အမှတ်(၂)တပ်မတော် ဆေးရုံကြီး (ခုတင် ၁၀၀၀) နေပြည်တော်၌ အရေးပေါ်ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ ထုတ်ပြန်ထားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ခြင်း (Lumbar spondylosis with Spinal Stenosis) ဝေဒနာခံစားခဲ့ရသဖြင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် အမှတ်(၂)တပ်မတော် ဆေးရုံကြီး (ခုတင် ၁၀၀၀) နေပြည်တော်၌ အိန္ဒိယနိုင်ငံမှပါရဂူများနှင့် မြန်မာ့တပ်မတော် ဆေးတပ်ဖွဲ့တို့ပူးပေါင်း၍ အရေးပေါ်ခွဲစိတ်ကုသမှုအား ၂ နာရီကြာ ပြုလုပ်ခဲ့သည်။
ခွဲစိတ်ကုသမှုအောင်မြင်ပြီး ယခုအခါ နိုင်ငံ့တာဝန်နှင့် တပ်မတော်တာဝန်များကို ကျန်းမာစွာ ထမ်းဆောင်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
