၂၃. ၃. ၂၀၂၆
Written by Nyein Kyaw
၂၀၂၆ ခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်မည့် (၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြစစ်ကြောင်းကြီးများအား မိဘပြည်သူများ လာရောက်ဂုဏ်ပြုနိုင်ကြောင်း နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် အသိပေးကြေညာထားသည်။
(၈၁) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ချီတက်ကြမည့် စစ်ရေးပြစစ်ကြောင်းကြီးများအား တန်းစီကွင်းမှ စစ်ရေးပြကွင်းကြီးသို့ ချီတက်ရာလမ်းကြောင်းတစ်လျှောက် ဂုဏ်ပြုပန်းစည်းကမ်းလိုသူ မိဘပြည်သူများအနေဖြင့် မတ်လ ၂၃၊ ၂၄၊ ၂၅ ရက်နေ့များတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် (ပင်မဂိတ်)သို့ နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)၊ ရောင်စုံလိုင်စင်ဓာတ်ပုံ (၂)ပုံတို့နှင့်အတူ လုံခြုံရေးဝင်ခွင့်ကတ်များကို လူကိုယ်တိုင်(လူကိုယ်တိုင်) လာရောက်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
(၈၁)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြစစ်ကြောင်းကြီးများအား တက်ရောက်ဂုဏ်ပြုလိုသော မိဘပြည်သူများအနေဖြင့် လုံခြုံရေးဆပ်ကော်မတီ (နေပြည်တော်တိုင်းစစ်ဌာနချုပ်) နေပြည်တော် ဖုန်း၊ ၀၃၂-၃ဝဝဝ၉ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိပေးထားသည်။





