






၂၂.၃.၂၀၂၆
Written By Thandar
“Show Like Application ”ရဲ့ တစ်နှစ်ပြည့် စတုဒိသာအလှူအနေနဲ့ နာမည်ကြီး အနုပညာရှင်များစွာနဲ့အတူ လှိုင်သာယာမြို့နယ်ရှိ အောင်မြေသာယာဆုတောင်းပြည့်စေတီတော်မှာ လူအယောက် (၁၀၀၀၀)စာ ထမင်းနဲ့ဟင်း လှူဒါန်းခဲ့ပါတယ်။
“ဒီနေ့က ကျွန်တော်တို့ Show Like Application ရဲ့ တစ်နှစ်ပြည့် စတုဒိသာအလှူလေးပါ။ တကယ်လိုအပ်နေတဲ့နေရာကို အခြေခံထားပါတယ်။ ကျွန်တော့် ပရိသတ်များတဲ့နေရာကို သေချာရွေးချယ်ပြီး လှူဖြစ်တာပါ။ ခုလည်း တွေ့တဲ့အတိုင်း ပရိသတ်တွေလည်း လာကြတာဆိုတော့ လာပေးတဲ့ ပရိသတ်ကို ကျေးဇူးတင်ပါတယ်။ လူအယောက် တစ်သောင်းစာလှူဖြစ်တာပါ”လို့ ဒါရိုက်တာ မင်းသန့်မောင်မောင်က ပြောပါတယ်။
အဆိုပါ အလှူအခမ်းအနားကို ဒါရိုက်တာ ညိုမင်းလွင်၊ ပိုင်တံခွန်၊ ချာလီငြိမ်း၊ ဒါရိုက်တာ မင်းသန့်မောင်မောင်၊ အောင်ပိုင်၊ အေးချမ်းမောင်၊ ဆန်းမင်းဟိန်းထွဋ်၊ ပိုင်အိမ်ခ၊ ချောရတနာ၊ ရွှေသမီး၊ခိုင်သဇင်ငုဝါ၊ နော်ဖော်အယ်ထား၊ ဒါရိုက်တာ မေဘရဏီ၊ အဒီရာဦး၊ စနိုးကြည်ဖြူ၊ ယွန်းမီမီသိမ့်စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီအလှူမှာတော့ ထမင်း၊ ကြက်သား ဟင်း၊ ချဉ်ပေါင်ကြော်နဲ့ မုန့်လက်ဆောင်း၊ ရေသန့်စတာတွေ လူအယောက် (၁၀၀၀၀) ထမင်းနဲ့ဟင်း အလှူကို အနုပညာရှင်များစွာက ကြည်နူးဖွယ်ပေးဝေ လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။
