




သက်တံ့
၂၁. ၃. ၂၀၂၆
ဆီလာတန်းစီသည့်ယာဥ်ငယ်တစ်စီးက မီးထလောင်ရာမှ ၇/၈ လမ်းဆုံရှိ တာမီနယ်ဆီဆိုင် ယနေ့ညတွင် မီးလောင်ခဲ့ရသည်ဟု ကနဦးသတင်းများအရ သိရသည်။
ဖြစ်စဥ်မှာ ယနေ့ မတ် ၂၁ ရက်နေ့၊ ည ၉ နာရီ ၃၉ မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၈)ရပ်ကွက်၊ ပြည်ထောင်စုလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၄၉ မိနစ်အချိန် မီးထိန်းနိုင်ခဲ့ပြီး ည ၉ နာရီ ၄၉ မိနစ်အချိန် မီးငြိမ်းခဲ့သည်။
အခင်းဖြစ်နေရာသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၈)ရပ်ကွက်၊ ပြည်ထောင်စုလမ်းမပေါ် ၇/၈ လမ်းဆုံနေရာရှိ တာမီနယ်ဆီဆိုင်ဟုလည်း ပရဟိတအဖွဲ့များက ဖော်ပြမှုအရ သိရသည်။
မီးလောင်မှုဖြစ်စဥ်အတွင်း ဆီဆိုင်ဝန်းတစ်ခုလုံးနှင့် ဆီတန်းစီသည့် ယာဥ်အချို့ ထိခိုက်ခဲ့ကြောင်း သိရသော်လည်း ဖြစ်စဥ်အသေးစိတ်နှင့် ထိခိုက်ရသည့်အခြေအနေများကိုမူ သိရှိရခြင်းမရှိသေးချေ။ (Photo – Credit)
