




၂၁.၃.၂၀၂၆
Photo by NYL
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စုံ/မခွဲခြား၍ သတ်မှတ်ပမာဏဖြင့်သာ စက်သုံးဆီများရောင်းချပေးလျက်ရှိသော်လည်း ယခင်ရက်များက စတင်၍ တန်းစီဝယ်ယူသည့် မော်တော်ယာဉ်များပြားလာကာ မော်တော်ယာဉ်တန်းရှည်လျားလာမှုမြင်ကွင်းများကို မတ် ၂၁ ရက် နေ့လယ်ပိုင်းက တွေ့ရသည်။
ထိုသို့တန်းစီးဝယ်ယူရန်အတွက် ညအချိန်များကပင် စက်သုံးဆီဆိုင်ရှေ့ တန်းစီနေရာယူကြသလို နံနက်ဆိုင်မဖွင့်ခင်ထဲက လာရောက်တန်းစီကြသူများလည်းရှိရာ အနည်းဆုံး ၃ နာရီခန့်ကြာ တန်းစီပြီးမှ စက်သုံးဆီ ဝယ်ယူခွင့်ရရှိခဲ့ကြောင်း မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။
စက်သုံးဆီအရောင်းဆိုင်များသည် နံနက် ၇ နာရီခန့်ကစတင်၍ ည ၈ နာရီခန့်အထိ ရောင်းချပေးလျက်ရှိပြီး အချို့စက်သုံးဆီဆိုင်များတွင် ရောင်းချပေးရန်စက်သုံးဆီကုန်သွား၍ ပိတ်ထားရမှုများရှိ၍ ရောင်းချပေးသည့်ဆိုင်များတွင် သွားရောက်တန်းစီသည့်ယာဉ်များပြားလာကာ ယာဉ်တန်းရှည်လာခြင်းလည်းဖြစ်ကြောင်း သိရသည်။
